အာဖရိကန်နိုင်ငံ

A d v e r t i s e m e n t With Us

June 18, 2020

အာဖရိကန်နိုင်ငံအချို့ကို အတိုးမဲ့ချေးငွေပြန်ဆပ်မှုမှ တရုတ် ကင်းလွတ်ခွင့်ပြုမည်

တရုတ်နိုင်ငံဟာ ၂၀၂၀ နှစ်ကုန်မှာ အာဖရိကန်နိုင်ငံတချို့ကို အတိုးနှုန်းမဲ့ ချေးငွေပြန်ဆပ်မှုကနေ ကင်းလွတ်ခွင့်ပြုသွားမယ်လို့ သမ္မတ ရှီကျင့်ဖျင်က ဇွန်လ ၁၇ ရက်မှာ ပြောဆိုလိုက်ပါတယ်။    တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်မူဘောင်အရ တရုတ်ဟာ အာဖရိကနိုင်ငံတွေအပါအဝင် နိုင်ငံတချို့ကို ချေးငွေပြန်ဆပ်မှုအချိန် ရွှေ့ဆိုင်းတာကို သက်တမ်းထပ်တိုးသွားမယ်လို့ တရုတ်-အာဖရိက ထိပ်သီးအစည်းဝေးအတွင်း  သမ္မတ ရှီက ပြောပါတယ်။ တရုတ်-အာဖရိက ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးဆောင်ရွက်မှုကို မှတ်ချက်ပေးရာမှာ ရှီက ကိုယ်ချင်းစာနာမှုက အဆုံးမှာ ဗိုင်းရပ်စ်ကို အောင်နိုင်မှာဖြစ်ပြီး အနာဂတ်မှာ တရုတ်နဲ့ အာဖရိက ပြည်သူတွေ ပိုမိုကောင်းမွန်တဲ့  ဘ၀တွေကို ရရှိမယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အသုံးပြုဖို့ အသင့်ဖြစ်တာနဲ့ တရုတ်ဟာ အာဖရိကနိုင်ငံတွေကို ဦးစားပေးသွားဖို့ ဆန္ဒရှိတယ်လို့လည်း တရုတ်သမ္မတက ပြောပါတယ်။
9 months Ago
Up