အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ

July 1, 2020

အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲကို ၂၀၂၂ ခုနှစ်တွင် ပြောင်းလဲကျင်းပရန် ဆုံးဖြတ်

အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲကို ၂၀၂၁ ဇန်နဝါရီမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ၂၀၂၂ ခုနှစ်မှာ ပြောင်းလဲကျင်းပဖို့ ဇွန် ၂၈ ရက်ကပြုလုပ်တဲ့  အာဖရိကဘောလုံးအဖွဲ့ချုပ် အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။  ၃၃ ကြိမ်မြောက် ကျင်းပမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ကင်မရွန်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်ထားပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၂ ခုနှစ်အထိ ရွှေ့ဆိုင်းလိုက်တာပါ။ နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်တွေ မပြီးဆုံးသေးသလို ဆက်လက် ကစားဖို့လည်း အဆင်မပြေသေးတာကြောင့် ၂၀၂၂ခုနှစ် ရောက်မှ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ပုံမှန်အားဖြင့် ၂ နှစ် ၁ ကြိမ် ကျင်းပလာခဲ့တာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ အယ်လ်ဂျီးရီးယားအသင်းက ချန်ပီယံ ဖြစ်ခဲ့ပါတယ်။  ကလပ်အသင်းတွေ ယှဉ်ပြိုင်ကြတဲ့ အာဖရိကချန်ပီယံလိဂ်ပြိုင်ပွဲကိုတော့ အကြိုဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲစဉ်တွေကစပြီး ကင်မရွန်းနိုင်ငံမှာပဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
11 months Ago
Up