အာဖရိကနိုင်ငံများ

A d v e r t i s e m e n t With Us

January 2, 2021

အာဖရိကနိုင်ငံများ  တရားဝင်ကုန်သွယ်မှု စတင်

အာဖရိကတိုက်လုံးဆိုင်ရာ လွတ်လပ်သောကုန်သွယ်ရေးဒေသ (AfCFTA) အရ ဇန်နဝါရီ ၁ ရက်က စလို့ အာဖရိကနိုင်ငံတွေဟာ တရားဝင်ကုန်သွယ်မှုတွေ ပြုလုပ်နေပါတယ်။  ဒါပေမဲ့ ကျွမ်းကျင်သူတွေက  နှစ်သစ်ကူးနေ့ ကုန်သွယ်ရေးအသစ်ကို သဘောတူညီချက် အပြည့်အ၀ အကောင်အထည်ဖော်ဖို့ နှစ်များစွာ ကြာမြင့်မယ့် အမှတ်လက္ခဏာအဖြစ် ရှုမြင်ကြပါတယ်။   AfCFTA ဟာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ထရီလီယံ စီးပွားရေးအုပ်စုက လူဦးရေ ၁ ဒသမ ၃ ဘီလီယံကို စုစည်းဖို့ ရည်ရွယ်ပါတယ်။ ဒါဆိုရင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ တည်ထောင်ပြီး နောက်ပိုင်း အကြီးဆုံးလွတ်လပ်သော ကုန်သွယ်ရေးဒေသလည်း ဖြစ်လာမှာပါ။ AfCFTA ဟာ အာဖရိကတိုက်ရဲ့ ကိုယ်ပိုင်ထုတ်ကုန်တန်ဖိုးကွင်းဆက်တွေ ပိုမိုတိုးတက်စေသလို တဘက်ကလည်း အာဖရိကတိုက် အိမ်နီးချင်းတွေအကြား ကုန်သွယ်မှုကို ပိုမိုမြှင့်တင်ပေးမယ်လို့ ထောက်ခံသူတွေက ဆိုပါတယ်။ အာဖရိကတိုက်လုံးဆိုင်ရာ လွတ်လပ်သောကုန်သွယ်ရေးဒေသ (AfCFTA) ကြောင့် ၂၀၃၅ မှာ သန်းပေါင်း ဆယ်ဂဏန်းချီပြီး ဆင်းရဲတွင်းကနေ ကယ်တင်နိုင်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
2 months Ago
Up