အာဖဂန် အစိုးရအအောက်အအုံ

September 19, 2019

အာဖဂန် အစိုးရအအောက်အအုံ ဗုံးခွဲတိုက်ခိုက်ခံရ၊ ၉ ဦးထက်မနည်း ဒဏ်ရာရ

အာဖဂန်နစ္စတန်အရှေ့ပိုင်းက အစိုးရအဆောက်အအုံတခုကို အသေခံဗုံးခွဲသမားတွေနဲ့ သေနတ်သမားတွေ ဗုဒ္ဓဟူးနေ့က ဝင်တိုက်ခိုက်ခဲ့တာကြောင့် ကလေးနဲ့ အမျိုးသမီး အပါအဝင် လူ ၉ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။  တိုက်ခိုက်သူတွေက ဗုံးတွေဖောက်ခွဲ လိုက်ပြီးတဲ့နောက် အဆောက်အအုံထဲကို သေနတ်သမားတွေ ဝင်ရောက်စီးနင်းခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိအချိန်ထိတော့ အဲဒီတိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်ဆိုတာ ဘယ်အဖွဲ့ကမှ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။  ရွေးကောက်ပွဲကျင်းပဖို့ ၉ ရက်သာလိုတဲ့အချိန်မှာ ဂျာလာလာဘတ်မြို့က အမျိုးသား မှတ်ပုံတင် သက်သေခံကတ်ပြားထုတ်ပေးတဲ့ ရုံးတခု တိုက်ခိုက်ခံရတာပါ။  အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေက တာလီဘန် စစ်သွေးကြွတွေကို တိုက်ထုတ်ခဲ့တဲ့ ၂၀၀၁ ခုနှစ်နောက်ပိုင်း စက်တင်ဘာ ၂၈ ရက် ရွေးကောက်ပွဲက လေးကြိမ်မြောက် အာဖဂန်ရွေးကောက်ပွဲ ဖြစ်ပါတယ်။  တာလီဘန်တွေနဲ့ အမေရိကန်အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်သွားပြီးတဲ့နောက် တာလီဘန်တွေဟာ အာဖဂန်ရွေးကောက်ပွဲကို နှောင့်ယှက်မယ်လို့ ကတိပြုထားပါတယ်။ လက်ရှိမှာတော့ မဲဆန္ဒရှင်ဦးရေ ၉ ဒဿမ ၆ သန်း စာရင်းပေးထားပြီး သုံးပုံတပုံလောက်က အမျိုးသမီးတွေပါ။   ဆရာ၊ ဆရာမတွေ၊ ကျောင်းသားတွေနဲ့ တခြားပညာရေး ဝန်ထမ်းတွေအနေနဲ့ မဲသွားမပေးဖို့၊ မဲရုံတွေ တိုက်ခိုက်ခံရရင် အသက်အန္တရာယ် ဆုံးရှုံးနိုင်တယ်လို့ တာလီဘန်တွေက ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ သတိပေးခဲ့ပါတယ်။  မဲရုံ ၁၂ ရုံထဲက တရုံကိုတော့ လုံခြုံရေး ခြိမ်းခြောက်မှုတွေကြောင့် ဖွင့်ဖြစ်မလားဆိုတာ မသေချာသေးပါဘူး။ ==================================== အာဖဂန္ အစိုးရအေအာက္အအုံ ဗုံးခြဲတိုက္ခိုက္ခံရ၊ ၉ ဦးထက္မနည္း ဒဏ္ရာရ DVB အာဖဂန္နစၥတန္အေရွ႕ပိုင္းက အစိုးရအေဆာက္အအုံတခုကို အေသခံဗုံးခြဲသမားေတြနဲ႔ ေသနတ္သမားေတြ ဗုဒၶဟူးေန႔က ဝင္တိုက္ခိုက္ခဲ့တာေၾကာင့္ ကေလးနဲ႔ အမ်ိဳးသမီး အပါအဝင္ လူ ၉ ေယာက္ထက္မနည္း ဒဏ္ရာရခဲ့ပါတယ္။ တိုက္ခိုက္သူေတြက ဗုံးေတြေဖာက္ခြဲ လိုက္ၿပီးတဲ့ေနာက္ အေဆာက္အအုံထဲကို ေသနတ္သမားေတြ ဝင္ေရာက္စီးနင္းခဲ့တာလို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ အဲဒီတိုက္ခိုက္မႈဟာ ဘယ္သူ႔လက္ခ်က္ဆိုတာ ဘယ္အဖြဲ႕ကမွ ထုတ္ျပန္ေၾကညာတာ မရွိေသးပါဘူး။ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ၉ ရက္သာလိုတဲ့အခ်ိန္မွာ ဂ်ာလာလာဘတ္ၿမိဳ႕က အမ်ိဳးသား မွတ္ပုံတင္ သက္ေသခံကတ္ျပားထုတ္ေပးတဲ့ ႐ုံးတခု တိုက္ခိုက္ခံရတာပါ။ အေမရိကန္ဦးေဆာင္တဲ့ တပ္ဖြဲ႕ေတြက တာလီဘန္ စစ္ေသြးႂကြေတြကို တိုက္ထုတ္ခဲ့တဲ့ ၂၀၀၁ ခုႏွစ္ေနာက္ပိုင္း စက္တင္ဘာ ၂၈ ရက္ ေ႐ြးေကာက္ပြဲက ေလးႀကိမ္ေျမာက္ အာဖဂန္ေ႐ြးေကာက္ပြဲ ျဖစ္ပါတယ္။ တာလီဘန္ေတြနဲ႔ အေမရိကန္အၾကား ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ ပ်က္သြားၿပီးတဲ့ေနာက္ တာလီဘန္ေတြဟာ အာဖဂန္ေ႐ြးေကာက္ပြဲကို ေႏွာင့္ယွက္မယ္လို႔ ကတိျပဳထားပါတယ္။ လက္ရွိမွာေတာ့ မဲဆႏၵရွင္ဦးေရ ၉ ဒႆမ ၆ သန္း စာရင္းေပးထားၿပီး သုံးပုံတပုံေလာက္က အမ်ိဳးသမီးေတြပါ။ ဆရာ၊ ဆရာမေတြ၊ ေက်ာင္းသားေတြနဲ႔ တျခားပညာေရး ဝန္ထမ္းေတြအေနနဲ႔ မဲသြားမေပးဖို႔၊ မဲ႐ုံေတြ တိုက္ခိုက္ခံရရင္ အသက္အႏၲရာယ္ ဆုံးရႈံးႏိုင္တယ္လို႔ တာလီဘန္ေတြက ဗုဒၶဟူးေန႔ အေစာပိုင္းမွာ သတိေပးခဲ့ပါတယ္။ မဲ႐ုံ ၁၂ ႐ုံထဲက တ႐ုံကိုေတာ့ လုံၿခဳံေရး ၿခိမ္းေျခာက္မႈေတြေၾကာင့္ ဖြင့္ျဖစ္မလားဆိုတာ မေသခ်ာေသးပါဘူး။
2 years Ago
Up