အာဖဂန်အစိုးသစ်

September 4, 2021

ပန့်ဂျ်ရှိယာတောင်ကြားအရေးကြောင့် အာဖဂန်အစိုးသစ်ဖွဲ့ရန် နှောင့်နှေး

တာလီဘန်တွေက အားလုံးပါဝင်နိုင်တဲ့အစိုးရဖွဲ့ဖို့ ကြိုးစားနေချိန်မှာ အာဖဂန်အစိုးရသစ် ဖွဲ့စည်းခြင်းကို ရွှေ့ဆိုင်းထားတာဟာ  ပန့်ဂျ်ရှီယာတောင်ကြားအခြေအနေနဲ့ ဆက်စပ်နေတယ်လို့ ကျွမ်းကျင်သူ တစ်ဦးက  ပြောပါတယ်။ 

အာဖဂန်အစိုးရသစ်ဖွဲ့စည်းတာ နှောင့်နှေးသွားခဲ့ပြီး သက်ဆိုင်ရာလုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တာလီဘန်တွေက သောကြာနေ့မှာ အစိုးရသစ်ဖွဲ့စည်းမယ့်အကြောင်း ကြေညာမယ်လို့ ပြည်တွင်း မီဒီယာတွေက အစောပိုင်းမှာပြောခဲ့ပေမဲ့ တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်ရဲ့အဆိုအရ အစိုးရသစ်ကို စနေနေ့ အထိ ကြေညာဦးမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

အာဖဂန်နစ္စတန်ရဲ့ မသိမ်းပိုက်ရသေးတဲ့ နောက်ဆုံးပြည်နယ်ဖြစ်တဲ့ ကဘူးလ်မြောက်ပိုင်းက ပန့်ဂျ်ရှီယာတောင်ကြားကို စက်တင်ဘာ ၃ ရက်က တာလီဘန်အဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ တာလီဘန်သတင်းရင်းမြစ် သုံးခုက ပြောပါတယ်။

သတင်းကြားကြားချင်း ချက်ချင်းအတည်ပြုဖို့ မဖြစ်နိုင်သေးပေမဲ့ ကဘူးလ်မြို့မှာ အောင်ပွဲခံတဲ့ သေနတ်သံ၊ ဆူညံသံတွေ ဖုံးလွှမ်းသွားပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွေမှာလည်း ပန့်ဂျ်ရှီယာတောင်ကြား ကျဆုံးမှုအကြောင်းတွေနဲ့ ပြည့်နှက်သွားပါတယ်။

ဒါပေမဲ့ အတိုက်အခံအင်အားစုတွေဘက်က ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒုသမ္မတဟောင်း အမ်ရူလာဆာလေးကက ဒီသတင်းကို အခိုင်အမာ ငြင်းဆိုလိုက်ပါတယ်။ 

အခု သူတို့ဟာ ခက်ခဲတဲ့အခြေအနေမှာ ရှိနေတယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ သူတို့ဟာ တာလီဘန်တွေရဲ့ ကျူးကျော်မှုကိုခံနေရတယ်လို့ ဘီဘီစီကမ္ဘာ့သတင်းထောက် တစ်ဦးက ထွစ်တာမှာ တင်ထားတဲ့ ဗီဒီယိုကြေညာချက်မှာ ပြောကြားထားပါတယ်။ 

သူတို့ ဒီမြေနေရာကို ထိန်းထားပြီး ခုခံခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒုသမ္မတဟောင်း အမ်ရူလာဆာလေး သူ့တိုင်းပြည်ကနေ ထွက်ပြေးသွားပြီဆိုတဲ့ သတင်းကလည်း အလိမ်အညာသာ ဖြစ်တယ်လို့ Tolo News ရုပ်မြင်သံကြားဌာနကို ပြောပါတယ်။

ဒုသမ္မတဟောင်းရဲ့သားဖြစ်သူ အဘဒူလာဆာလေးကလည်း ပန့်ဂျ်ရှီယာ ကျသွားပြီ ဆိုတာကို ငြင်းဆိုထားပြီး အဲ့ဒီသတင်းမှားနေတယ်လို့ မက်ဆေ့ချ် ပို့ထားပါတယ်။ 

တာလီဘန်တွေဟာ အာဖဂန်နိုင်ငံတဝန်း အလျင်အမြန် ချီတက်လာခဲ့ပြီး သြဂုတ် ၁၅ ရက်မှာ ကဘူးလ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

3 months Ago
Up