အာဖဂန်ပြည်သူ

August 23, 2021

ဘေးလွတ်ရာထွက်ပြေးမည့် အာဖဂန်ပြည်သူများ ကဘူးလ်လေဆိပ်၌ ဆက်လက်စောင့်ဆိုင်းနေ

အာဖဂန်နိုင်ငံကို တာလီဘန်တွေသိမ်းယူလိုက်ပြီးနောက်  ပြည်သူတွေဟာ ဘေးကင်းရာ ရွှေ့ပြောင်းနေထိုင်ကြဖို့ ဆက်လက်ကြိုးပမ်းနေကြရာမှာ သြဂုတ် ၂၂ ရက်ကလည်း ကဘူးလ်မြို့တော်ရှိ လေဆိပ်မှာ စောင့်နေကြသူတွေကို   အာဖဂန်နစ္စတန် အခြေစိုက် အာမက်ဂျ်သတင်းဌာနက ထုတ်လွှင့်တဲ့ ရုပ်သံထဲမှာ တွေ့ရတာပါတယ်။

ဒါ့အပြင် ခပ်လှမ်းလှမ်းကနေ သေနတ်နဲ့ ပစ်နေတဲ့ အသံတွေကိုလည်း ရုပ်သံထဲမှာ ကြားရပါတယ်။

ဩဂုတ် ၂၂ ရက်က တာလီဘန်တွေဟာ လေထဲကို သေနတ်တွေနဲ့ပစ်ခဲ့ပြီး လူတွေ ကောင်းကောင်း တန်းစီအောင် နံပါတ်တုတ်တွေနဲ့ရိုက်နှက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီနေရာကနေ သေနတ်သံ ထွက်နေတာ ဟုတ်၊ မဟုတ် သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်တာတော့ မဟုတ်ပါဘူး။

လေဆိပ်မှာ တန်းစီနေတဲ့ လူတန်းရှည်ကြီးဖြစ်နေပြီး အကြီးစားဒဏ်ရာရတဲ့ သတင်းတွေတော့ မကြားသိရဘူးလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

4 months Ago
Up