အာဖဂန်နစ္စတန်တွင်

August 1, 2019

အာဖဂန်နစ္စတန်တွင် လမ်းဘေးဗုံး ပေါက်ကွဲမှုကြောင့် ၃၅ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းက အဝေးပြေးလမ်းပေါ်မှာ ဇူလိုင် ၃၁ ရက်က လမ်းဘေးဗုံး ပေါက်ကွဲမှုကြောင့် ဘက်စ်ကားတစီးပေါ်က လူ ၃၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် ၂၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဟီရတ်နဲ့ ကန်ဒဟာ ပြည်နယ် ၂ ခုရဲ့ မြို့တော်တွေကို ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ ပေါက်ကွဲခဲ့တာပါ။ သေဆုံးသူနဲ့ ဒဏ်ရာရသူ အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ အရာရှိတယောက်က ပြောပါတယ်။ တာလီဘန်နဲ့ အိုင်အက်စ်စစ်သွေးကြွအဖွဲ့တွေက အာဖဂန်စစ်တပ်၊ အစိုးရဝန်ထမ်းတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီး  နေ့တိုင်းနီးပါး တိုက်ခိုက်နေတာကြောင့် အာဖဂန်နစ္စတန်နိုင်ငံ တလွှားမှာ လုံခြုံရေးအခြေအနေ ယိုယွင်းနေပါတယ်။ ဒါပေမယ့် တာလီဘန်စစ်သွေးကြွအဖွဲ့က အဲဒီလမ်းဘေးဗုံးပေါက်ကွဲမှုဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုထားပြီး အခုချိန်ထိ ဘယ်အဖွဲ့ကမျှ တာဝန်ယူပြောကြားတာ မရှိသေးပါဘူး။ အမေရိကန် အရာရှိတွေနဲ့ တာလီဘန် ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စဖို့ မတိုင်ခင် အခုလို လမ်းဘေးဗုံးပေါက်ကွဲခဲ့တာပါ။
Zawgyi Version အာဖဂန္နစၥတန္တြင္ လမ္းေဘးဗုံး ေပါက္ကြဲမႈေၾကာင့္ ၃၅ ဦးထက္မနည္း ေသဆုံး DVB အာဖဂန္နစၥတန္ႏိုင္ငံ အေနာက္ပိုင္းက အေဝးေျပးလမ္းေပၚမွာ ဇူလိုင္ ၃၁ ရက္က လမ္းေဘးဗုံး ေပါက္ကြဲမႈေၾကာင့္ ဘက္စ္ကားတစီးေပၚက လူ ၃၅ ေယာက္ထက္မနည္း ေသဆုံးခဲ့ၿပီး ေနာက္ထပ္ ၂၇ ေယာက္ ဒဏ္ရာရခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ ဟီရတ္နဲ႔ ကန္ဒဟာ ျပည္နယ္ ၂ ခုရဲ႕ ၿမိဳ႕ေတာ္ေတြကို ဆက္သြယ္ထားတဲ့ လမ္းေပၚမွာ ေပါက္ကြဲခဲ့တာပါ။ ေသဆုံးသူနဲ႔ ဒဏ္ရာရသူ အမ်ားစုဟာ အမ်ိဳးသမီးနဲ႔ ကေလးေတြလို႔ ရဲတပ္ဖြဲ႕ ေျပာခြင့္ရ အရာရွိတေယာက္က ေျပာပါတယ္။ တာလီဘန္နဲ႔ အိုင္အက္စ္စစ္ေသြးႂကြအဖြဲ႕ေတြက အာဖဂန္စစ္တပ္၊ အစိုးရဝန္ထမ္းေတြနဲ႔ အရပ္သားေတြကို ပစ္မွတ္ထားၿပီး ေန႔တိုင္းနီးပါး တိုက္ခိုက္ေနတာေၾကာင့္ အာဖဂန္နစၥတန္ႏိုင္ငံ တလႊားမွာ လုံၿခဳံေရးအေျခအေန ယိုယြင္းေနပါတယ္။ ဒါေပမယ့္ တာလီဘန္စစ္ေသြးႂကြအဖြဲ႕က အဲဒီလမ္းေဘးဗုံးေပါက္ကြဲမႈဟာ သူတို႔လက္ခ်က္ မဟုတ္ဘူးလို႔ ျငင္းဆိုထားၿပီး အခုခ်ိန္ထိ ဘယ္အဖြဲ႕ကမွ် တာဝန္ယူေျပာၾကားတာ မရွိေသးပါဘူး။ အေမရိကန္ အရာရွိေတြနဲ႔ တာလီဘန္ ကိုယ္စားလွယ္ေတြ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ျပန္စဖို႔ မတိုင္ခင္ အခုလို လမ္းေဘးဗုံးေပါက္ကြဲခဲ့တာပါ။
2 years Ago
Up