အာဖဂန်နစ္စတန်တောင်ပိုင်း

May 5, 2020

အာဖဂန်နစ္စတန်တောင်ပိုင်းတွင်  တာလီဘန်ဗုံးခွဲတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေ

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေကို မေလ ၄ ရက်က ဆေးကုဖို့ ဆေးရုံတင်ခဲ့ရပါတယ်။  နိုင်ငံတောင်ပိုင်း ဟဲလ်မဲန်းဒ်ခရိုင်မှာ ကုန်ကားကို ဗုံးခွဲတိုက်ခိုက်လို့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင် အနည်းဆုံး ၅ ယောက် သေဆုံးတယ်လို့ အာဖဂန် အရာရှိတယောက်က ပြောပါတယ်။ မေလ ၃ ရက် ညနေပိုင်းက အာဖဂန်စစ်တပ်နဲ့ ထောက်လှမ်းရေးတပ်သား အယောက် ၁၅၀ ထက်မနည်း စခန်းချရာ စစ်စခန်းကို တိုက်ခိုက်ခံခဲ့ရတယ်လို့ တာလီဘန်တွေနဲ့ အာဖဂန် အစိုးရအရာရှိတွေက ပြောပါတယ်။ တာလီဘန်တွေက ဒါဟာ သူတို့လက်ချက်လို့ အခိုင်အမာ ကြေညာပါတယ်။ နိုင်ငံလုံးဆိုင်ရာလုံခြုံရေး ညွှန်ကြားမှုဦးစီးဌာနနဲ့ စစ်တပ် တပ်ဖွဲ့ဝင်တို့ စခန်းနားမှာ စစ်သွေးကြွတွေက ကုန်ကားတစီးကို ဗုံးခွဲခဲ့တာလို့ တိုက်ပွဲမှာ ရှင်သန်ခဲ့သူ ထောက်လှမ်းရေး အရာရှိက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ တနင်္ဂနွေညက ပေါက်ကွဲမှုကနေ အလောင်း ၁၈လောင်း ဆွဲထုတ်ရာမှာ ကူညီခဲ့တယ်လို့ည်း သူက ပြောပါတယ်။ အာဖဂန်အစိုးရတပ်တွေဟာ ကျန်ခဲ့တဲ့ ၂ လအတွင်း နိုင်ငံတဝန်း အကြမ်းဖက်မှုတွေကြောင့် အသေအပျောက် များခဲ့ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလက လက်မှတ်ထိုးခဲ့တဲ့ အမေရိကန်နဲ့ တာလီဘန်တွေ အကြားက ငြိမ်းချမ်းရေး သဘောတူညီချက်အတွက်  ခြိမ်းခြောက်မှု ဖြစ်ခဲ့ပါတယ်။ 
12 months Ago
Up