အာဖဂန်သမ္မတ ဂုဏ်ပြု

August 18, 2018

အရေးပါသည့်မြို့အား စစ်သွေးကြွများလက်မှ ပြန်သိမ်းခဲ့သည့်တပ်ဖွဲ့ကို အာဖဂန်သမ္မတ ဂုဏ်ပြု

နိုင်ငံရဲ့မဟာဗျူဟာမြောက် အရေးပါတဲ့ ဂါ(ဇ)နီမြို့ကို တာလီဘန်စစ်သွေးကြွတွေ လက်ထဲကနေ ပြန်လည်သိမ်းယူနိုင်ခဲ့တဲ့ အာဖဂန်လက်နက်ကိုင်တပ်ဖွဲ့တွေကို သမ္မတ အာရှက်ဖ် ဂါနီက သြဂုတ် ၁၇ ရက်မှာ ချီးမွမ်းဂုဏ်ပြုလိုက်ပါတယ်။ ငြိမ်းချမ်းရေးကို အင်အားသုံးဖြေရှင်းလို့ မရဘူးဆိုတာကို တာလီဘန်တွေအနေနဲ့ သိသင့်နေပြီး ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားဆဲဖြစ်တယ်လို့ သမ္မတ ဂါနီက ပြောပါတယ်။ တာလီဘန်တွေရဲ့ ဂါ(ဇ)နီမြို့ကို ငါးရက်ကြာ သိမ်းပိုက်မှုအတွင်း အာဖဂန်အစိုးရ တပ်တွေနဲ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ သြဂုတ် ၁၅ ရက်မှာတော့ စစ်သွေးကြွ ရာချီကိုနှိမ်နင်းပြီး မြို့ကို ပြန်လည်ထိန်း ချုပ်နိုင်ပြီလို့ အစိုးရတပ်တွေက ကြေညာခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ စစ်သွေးကြွတွေဟာ မြို့လုံခြုံရေးစစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီး အာဖဂန်စစ်သား နဲ့ ရဲ ဒါဇင်ချီကို သတ်ဖြတ်ပြီး မြို့သိမ်းခဲ့တာပါ။ အစိုးရတပ်တွေက မြို့ကို ပြန်သိမ်းနိုင်ချိန်မှာ တပ်သား ၁၅ဝ နဲ့ အရပ်သား ၉၅ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အာဖဂန်သမ္မတကတော့ တိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားပြီး ပြန်လည်ထူထောင်ရေး မြန်မြန်လုပ်ဆောင်ဖို့ အမေရိကန် ဒေါ်လာ သန်း ၂ဝ ကို ထုတ်ပေးထားပါတယ်။
3 years Ago
Up