တာလီဘန်တွေက အာဖဂန်နစ္စတန်နိုင်ငံ လွှတ်တော်အဆောက်အဦအသစ်ကို မတ်လ ၂၈ ရက်နေ့က တိုက်ခိုက်လိုက်ပါတယ်။
ထိပ်တန်း ထောက်လှမ်းရေး အကြီးအကဲနဲ့ ယာယီဝန်ကြီးက မိန့်ခွန်းပြောဖို့ ပြင်ဆင်နေချိန်မှာ လွှတ်တော်ဝင်းထဲကို ရော့ကတ်ဒုံးကျည်နဲ့ လှမ်းပစ်ခဲ့တာပါ။
ဒီဒုံးကျည်ဟာ လွှတ်တော်ဝင်းထဲမှာရှိတဲ့ အိမ်သာနံရံကို ထိမှန်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။
အကြီးတန်း လုံခြုံရေးအရာရှိတဦးရဲ့ အဆိုအရ ကီလိုမီတာ ရာပေါင်းများစွာဝေးတဲ့ ကုန်းမြင့်ပေါ်ကနေ တာဝေးပစ် ဒုံးကျည် ၃ စင်းကို ပစ်လွှတ်လိုက်တာလို့ ဆိုပါတယ်။
တာလီဘန်အဖွဲ့က မြို့တော် ကဘူးရဲ့ အနောက်ဘက်မှာ တည်ရှိတဲ့ လွှတ်တော်အဆောက်အဦအသစ်ကို သူတို့ တိုက်ခိုက်လိုက်တာလို့ ဓာတ်ပုံတွေနဲ့တကွ ကြေညာချက် ထုတ်ပြန်ပါတယ်။
6 years Ago