အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်မြို့ အနောက်ဘက်ရှိ ရှီးယိုက်ဗလီတခုမှာ သြဂုတ် ၁ ရက်နေ့က တိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံး လူ ၂၉ ဦး သေဆုံးခဲ့ကာ ၆၄ ဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ခိုက်ရေးသမားနှစ်ဦးဟာ ဗလီအတွင်း ဝင်ရောက်ပြီး ဝတ်ပြုနေသူတွေကို သေနတ်တွေနဲ့ပစ်ခတ်၊ ဗုံးတွေနဲ့ ပေါက်ခွဲခဲ့တယ်လို့ ဒဏ်ရာရသူတဦးက ပြောပါတယ်။
ဟီရတ်ဒေသ ဆေးရုံအုပ်ကတော့ “လူ ၂၀ ကျော် သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရပါတယ်။ အဲဒီထဲက ၁၀ ဦးဟာ စိုးရိမ်ရပါတယ်" လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ မသိရသေးပေမယ့် အစ္စလာမ္မစ်ဥပဒေကို ပြဋ္ဌာန်းဖို့ တိုက်ပွဲဝင်နေပြီး နိုင်ငံခြားတပ်ဖွဲ့တွေကို တိုက်ထုတ်နေတဲ့ တာလီဘန်တွေကတော့ သူတို့လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
5 years Ago