အာဖဂန်နစ္စတန်နိုင်ငံ ဟိန္ဒူကွက်ရှ်တောင်တန်းဒေသမှာ ဧပြီ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၁ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တယ်လို့ တရုတ် ငလျင်ကွန်ရက်ဌာန သတင်းအချက်အလက်တွေက ဆိုပါတယ်။
ငလျင်ဒဏ်ကို မြို့တော် ကဘူးလ်၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ပါ ခံစားခဲ့ရပါတယ်။
ငလျင်ဗဟိုချက်ရှိရာ ဟိန္ဒူကွက်ရှ်ဒေသဟာ ငလျင်လှိုင်းတွေ လှုပ်ရှားရာဒေသဖြစ်ပြီး မြို့တော် ကဘူးလ်ကနေ ကီလိုမီတာ ၃၀၀ ဝေးပါတယ်။
ဒီဒေသမှာပဲ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၈ ရှိတဲ့ ငလျင်လှုပ်ခဲ့လို့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်မှာပါ လူအသေအပျောက် ရှိခဲ့ပါတယ်။
လောလောဆယ်တော့ အာဖဂန်အစိုးရက သေဆုံးပျက်စီးမှု အစီရင်ခံစာ မထုတ်သေးပါဘူး။
ငလျင်ဟာ တရုတ်နိုင်ငံ ရှင်းကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ တောင်ပိုင်းမှာလည်း လှုပ်ခဲ့ပြီး အိမ်ခြေအပျက်အစီး နည်းနည်းရှိခဲ့ပေမယ့် အသေအပျောက် မရှိခဲ့ဘဲ ငလျင်အပြီး ရထား ၃ စီး နှောင့်နှေးခဲ့ပါတယ်။
ဒေသခံ အစိုးရ အာဏာပိုင်တွေက အပျက်အစီးတွေနဲ့ လုံခြုံရေး စစ်ဆေးမှုတွေကို ဆောင်ရွက်ဖို့ စစ်တပ်နဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်သားတွေကို တာဝန်ချထားပါတယ်။
5 years Ago