အာဖဂန်တွင် လောင်စာဆီယာဉ်

November 2, 2017

အာဖဂန်တွင် လောင်စာဆီယာဉ် ပေါက်ကွဲ၊ ၁၅ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံမှာ နိုဝင်ဘာ ၂ ရက်နေ့က  လောင်စာဆီသယ်ယာဉ်တွေ ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး  ၂၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ မြို့တော် ကဘူးလ်ရဲ့ အနောက်ြေ်မာက်ဘက် ချာရီကာမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးက ဘတ်စ်ကားတစီးပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။ “အခုလို ပေါက်ကွဲမှုကြောင့် လူတွေ ထိခိုက်ရတဲ့အတွက် လောင်စာဆီတင်ယာဉ်တွေကို မြို့ပြင်မှာ မောင်းနှင်ခိုင်းဖို့ အစိုးရနဲ့ မြို့အုပ်ချုပ်ရေးမှူးကို တောင်းဆိုပါတယ်” ဆိုပြီး ဈေးဆိုင်ပိုင်ရှင်တဦးက ပြောခဲ့ပါတယ်။ လောင်စာတင်ယာဉ် နှစ်စီးမှာ တပ်ထားတဲ့ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အနီးက ခရီးသည်တင် ဘတ်စ်ကားကို လောင်ကျွမ်းခဲ့လို့ ခရီးသည်တွေ သေဆုံးရတာလို့ လုံခြုံရေး ဝန်ထမ်းတဦးက ဆိုပါတယ်။ “ရှေ့မှာ သွားနေတဲ့ လောင်စာဆီတင်ယာဉ် ပေါက်ကွဲတာပါ။ ဖြစ်တာ သိပ်ကိုမြန်ပြီး တားဆီးလို့ မရပါဘူး” လို့ မျက်မြင်တဦးက ပြောခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆိုတာ ချက်ချင်း မသိရသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up