အာဖဂန်စစ်ဆင်ရေးအတွင်း

November 14, 2016

အာဖဂန်စစ်ဆင်ရေးအတွင်း ကျဆုံးစစ်မှုထမ်းများအတွက် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

စစ်ဆင်ရေးအတွင်း ကျဆုံးသွားတဲ့ စစ်မှုထမ်းတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားတခုကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ နိုဝင်ဘာ ၁၃ ရက်နေ့က ပြုလုပ်ပါတယ်။ ဒီအခမ်းအနားကို သံတမန်တွေ၊ စစ်ဘက်အရာရှိတွေ တက်ရောက်ပြီး အလေးပြုခဲ့ကြပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဒိုမင်းနစ်ဂျင်မီက အခု အခမ်းအနားဟာ စစ်ဆင်ရေးကာလအတွင်း ကျဆုံးသွားကြတဲ့ အာဖဂန်၊ သြစတြေးလျ၊ ကနေဒါ၊ ဗြိတိန်နဲ့ တခြား မဟာမိတ်နိုင်ငံတွေက အရာရှိ၊ အရာခံနဲ့ ရဲဘော်တွေ အားလုံးအတွက် ရည်စူးပြီး ပြုလုပ်တာလို့ ပြောပါတယ်။ ကျဆုံးသွားသူတွေဟာ အာဖဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းရေးအတွက် အသက်တွေကို ပေးခဲ့ကြသူတွေဖြစ်လို့ လေးစားဖွယ်ကောင်းတယ်လို့လည်း ပြောပါတယ်။ အခုအထိ အာဖဂန်နစ္စတန်မှာ ဗြိတိသျှစစ်သား ၄၅၀၊ နေတိုး စစ်မဟာမိတ်အဖွဲ့က စစ်သား ၁၃၀၀၀ ရှိနေပြီး အာဖဂန်တပ်တွေကို သင်တန်းပေးတာနဲ့ စစ်ရေးအကြံပေးတဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။
5 years Ago
Up