အင်ဒိုနီးရှားနိုင်ငံက အာနက်ခရာကာတူ မီးတောင်ဟာ ဧပြီ ၁၀ ရက်ညက စပြီး ပေါက်ကွဲခဲ့လို့ မီးတောင်ပြာတွေကို ကောင်းကင်အထက် မီတာရာချီ မှုတ်ထုတ်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဧပြီလ ၁၁ ရက်မှာ အဆုံးသတ်တဲ့ ပေါက်ကွဲမှု ခြောက်ကြိမ်အတွင်း အပျက်အစီး မရှိဘူးလို့ သိရပါတယ်။
ကပ်ဘေးလျော့ပါးသက်သာရေးအေဂျင်စီ ဒေသခံအကြီးအကဲကတော့ မီးတောင်ပြာတွေက လူနေရွာတွေရှိရာ တောင်ပိုင်းကနေ ဝေးရာ မြောက်ဘက်ကို လွင့်သွားတယ်လို့ ပြောပါတယ်။
မီးတောင်ဟာ ဂျာဗား နဲ့ ဆူမားတြား ကျွန်းတွေကြားက ဆန်ဒါရေလက်ကြားမှာ ရှိတာပါ။
၂၀၁၈ ဒီဇင်ဘာတုန်းက ဒီမီးတောင် ပေါက်ကွဲပြီး ရေအောက်မြေပြိုမှုဖြစ်ခဲ့လို့ ဆူနာမီ ရေလှိုင်းတွေ ပေါ်လာပြီး လူအယောက် လေးရာကျော် သေဆုံးခဲ့ ပါသေးတယ်။
11 months Ago