အာဒိုဂန်

December 9, 2020

ပီအက်စ်ဂျီနှင့်ပွဲတွင် လူမျိုးရေးခွဲခြားမှုအတွက် အရေးယူရန် တူရကီသမ္မတ တောင်းဆို

ပီအက်စ်ဂျီနဲ့ပွဲမှာ စတုတ္ထဒိုင်ရဲ့ လူမျိုးရေးခွဲခြားမှုအတွက် ယူအီးအက်ဖ်အေက လိုအပ်တဲ့ အရေးယူမှု လုပ်ဆောင်ဖို့ တူရကီသမ္မတ အာဒိုဂန်က တိုက်တွန်းလိုက်ပါတယ်။ တူရကီကလပ် အစ္စတန်ဘူလ် ဘာဆက်ဆီဟာအသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ ပဲရစ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နည်းပြအဖွဲ့ဝင်တစ်ဦးကို စတုတ္ထဒိုင်လူကြီးက လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့တာပါ။ ပွဲအစ ၁၅ မိနစ်လောက်မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဘာဆက်ဆီဟာ နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကင်းမရွန်းနည်းပြ ဝီဘိုက စောဒကတက်မှု ပြုလုပ်ခဲ့ပြီး အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကွင်းဘေးမှာရှိတဲ့ စတုတ္ထဒိုင်လူကြီးက နီဂရိုး ဆိုတဲ့ စကားနဲ့ နည်းပြဝီဘိုကို အော်ဟစ် ပြောဆိုခဲ့တာဖြစ်ကြောင်း ရုပ်သံအနှေးပြကွက်တွေမှာ မြင်တွေ့ခဲ့ရပါတယ်။  အဲဒီနောက်မှာတော့ နှစ်သင်းစလုံးက ပွဲကို ဆက်မကစားတော့ဘဲ ဆုံးဖြတ်ခဲ့ကြတာပါ။  ယူအီးအက်ဖ်အေကတော့ အသားအရောင်နဲ့ လူမျိုးရေး ခွဲခြားမှုတွေက ဘောလုံးလောကမှာ နေရာမရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။  တူရကီသမ္မတ အာဒိုဂမ်ကလည်း အားကစားလောကအပြင် တခြား ဘယ်နေရာမှာမဆို လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်ရမှာဖြစ်ပြီး ယူအီးအက်ဖ်အေဘက်က လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ တွစ်တာကနေ ရေးသား တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
5 months Ago
Up