အာဒိုဂန်

June 25, 2018

ရွေးကောက်ပွဲတွင် အောင်ပွဲခံကြောင်း တူရကီသမ္မတ အာဒိုဂန် ပြော

ဇွန်လ ၂၄ ရက်နေ့က ကျင်းပတဲ့ တူရကီ သမ္မတရွေးကောက်ပွဲမှာ ပြန်လည်အောင်ပွဲခံကြောင်း သမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။ ဇွန်လ ၂၄ ရက်နေ့က အစ္စတန်ဘူလ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ  အာဒိုဂန်က အခုလို ပြောကြားလိုက်တာပါ။ “ရွေးကောက်ပွဲရလဒ်တွေကို ထုတ်ပြန်လိုက်ပါပြီ။ အဲဒီရလဒ်အရ ပြည်သူတွေဟာ ကျနော်တို့ကို အုပ်ချုပ်ရေးတာဝန်တွေ ထမ်းဆောင်ဖို့ တာဝန်ပေးလိုက်ပါတယ်။ လွှတ်တော်မှာလည်း ပြည်သူ့မဟာမိတ်နဲ့ AK Party က မဲအများစု ရတဲ့အတွက် ဥပေဒပြု အာဏာပိုင်အဖွဲ့ဟာ ကျနော်တို့ကို မဟာတာဝန်ကြီး အပ်နှင်းလိုက်ပါတယ်” လို့ သမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။ “ကျနော်တို့ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့အတူ ကျနော်တို့ဟာ ပြည်တွင်းပြည်ပမှာရှိတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကနေတဆင့် ကျနော်တို့နိုင်ငံအပေါ် ခြိမ်းခြောက်နေသူတွေကို ပြင်းပြင်းထန်ထန် ဆက်လက်တုံ့ပြန်သွားမှာဖြစ်ပါတယ်” လို့ အောင်နိုင်သူ အာဒိုဂန်က သတိပေးလိုက်ပါတယ်။ ဆက်လက်ပြီး သူက “ဒီရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ ရှုံးမဲမဲပြီး ဒီမိုကရေစီကို ထိခိုက်အောင်မလုပ်ဖို့ မျှော်လင့်ပါတယ်” လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း အဓိက အတိုက်အခံပါတီကတော့ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ဝန်ခံဖို့ သိပ်စောသေးကြောင်းနဲ့ အာဒိုဂန်အနေနဲ့ ဒုတိယအကြိမ် ရွေးကောက်ပွဲကို ရှောင်နိုင်မယ့် မဲအရေအတွက် ၅ဝ ရာခိုင်နှုန်း ပြည့်မီဖို့ လိုအပ်နေသေးကြောင်း ပြောကြားခဲ့ပါတယ်။
3 years Ago
Up