အာတီယာမုန်တိုင်းဟာ ဒီဇင်ဘာ ၉ရက်မှာ ဗြိတိန်နဲ့ အိုင်ယာလန်ကနေ ကုန်းတွင်းကို ဝင်ရောက် တိုက်ခတ်နေလို့ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းထားရပါတယ်။
မုန်တိုင်းအာတီယာက အိုင်ယာလန်ကို တနာရီကီလို ၁၃၀နှုန်းနဲ့ ဒီဇင်ဘာ ၈ရက်က ဝင်ရောက် တိုက်ခတ်နေလို့ အိုင်ယာလန်ရဲ့အကြီးဆုံး လေကြောင်းလိုင်း ရီယံအဲရ်က လေကြောင်းခရီးစဉ်တွေကို ကွတ်ခ်လေဆိပ်ကနေ ရှန်နွန်လေဆိပ်ဆီ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပါတယ်။
အိုင်ယာလန်ရဲ့ဒုတိယအကြီးဆုံး လေကြောင်းလိုင်းဖြစ်တဲ့ အဲရ်လင်းဂတ်စ်လေ ကြောင်းလိုင်းရဲ့ လန်ဒန်၊ ဘာမင်ဟမ်၊ မန်ချက်စတာ၊ ဂလပ်စဂေါနဲ့ အီဒင်ဘာ့ဂ်မြို့တွေဆီ သွားမယ့်လေကြောင်းခရီးစဉ်တွ်ကိုလည်း ဖျက်သိမ်းခဲ့ရတယ်လို့ အိုင်ယာလန်အခြေစိုက် မီဒီယာတွေက အစီရင်ခံပါတယ်။
အဲရ်လင်းဂတ်စ်ရဲ့ လန်ဒန်မြို့တော် ဟိသရိုးလေဆိပ်ဆီ လေကြောင်းခရီးစဉ် အသွား အပြန်ကိုလဲ ဖျက်သိမ်းခဲ့ရတယ်လို့ ရှန်နွန်လေဆိပ်ကို ကိုးကားပြီး RTE သတင်းဌာနက ပြောပါတယ်။
မုန်တိုင်းက ညလုံးပေါက် ဖြတ်သန်းတိုက်ခတ်ဖို့ရှိသလို လေပြင်းတွေနဲ့ လျှပ်စစ်ဓာတ် အား ပြတ်တောက်တာတွေ ကြုံနေရတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်.
3 years Ago