.အာဏာသိမ်းမှု

February 5, 2021

အာဏာသိမ်းမှုကို မော်ကျွန်းမြို့နယ် လယ်သမားများ ဆန္ဒပြ

ဧရာဝတီတိုင်းဒေကြီး၊ မော်ကျွန်းမြို့နယ်၊ ကျွဲတလင်းကျေးရွာက လယ်သမားတွေဟာ တပ်မတော်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း သူတို့ရဲ့လုပ်ငန်းခွင်ထဲကနေ ဒီနေ့ညနေပိုင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

“စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ရှုံ့ချပါတယ်။ တစ်နိုင်ငံလုံးက ဝန်ထမ်းတွေနဲ့အတူ ကျနော်တို့ လယ်သမားတွေကလည်း ရပ်တည်ကြောင်းပြောချင်ပါတယ်” လို့ ကျွဲတလင်းရွာသားတစ်ဦးက ပြောပါတယ်။

ရွာသားတွေဟာ ဖဲကြိုးနီတွေတပ်ဆင်ပြီး တပ်မတော်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

ဇေယျာချမ်းအေး

2 years Ago
Up