အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ

February 18, 2021

ဖြူးမြို့နယ်အတွင်း စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပွဲ အရှိန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်း ဖြူးမြို့နယ်အတွင်းမှာ ဒီနေ့ မနက်ပိုင်းက အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ အရှိန်မြှင့်ဆောင်ရွက်လာကြပါတယ်။

မြို့နယ်အတွင်းက ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး လမ်းလျှောက်ဆန္ဒပြ တာနဲ့ တချို့နေရာတွေမှာ ထိုင်သပိတ်ဆန္ဒပြနေကြပါတယ်။ 

CDM မှာ မပါဝင်သေးတဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့ကိုလည်း ပါဝင်ဖို့ မေတ္တာရပ်ခံနေကြပြီး CDM ဝင်နေတဲ့ ဝန်ထမ်းတွေအတွက်လည်း ကူညီမှုအဖွဲ့တွေဖွဲ့ပြီး ကူညီပေးနေကြပါတယ်။

သတင်း - ကျော်အောင်

2 years Ago
Up