အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြ

February 24, 2021

မြစ်ကြီးနားတွင် သပိတ်ပုံစံ ၃ မျိုးဖြင့် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒေသခံ ပြည်သူတွေက လမ်းလျှောက်သပိတ်၊ ဆိုင်ကယ်သပိတ်နဲ့ ထိုင်သပိတ်တွေ ပြုလုပ်ပြီး စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်ဆန္ဒပြ နေကြပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ပညာရေးဝန်ထမ်းတွေ၊ မီးရထားဝန်ထမ်းတွေ၊ နည်းပညာ တက္ကသိုလ်ဆရာ/ဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေ၊ အင်ဂျင်နီယာတွေ၊ မြစ်ကြီးနား ဒေသခံတွေ လူဦးရေ ၁၀၀၀ ကျော်ဟာ လမ်းလျှောက်တာ၊ ဆိုင်ကယ်စီးတာ၊ ထိုင်သပိတ်ပြုလုပ်တာ တို့နဲ့ ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီဆန္ဒထုတ်ဖော်သူတွေဟာ မြစ်ကြီးနားမြို့ အထက ၂ ကျောင်းအရှေ့ကနေ မနက် ၁၀ နာရီကျော်မှာ စတင်ထွက်ခွာလာကြပြီး ဘူတာ၊ စျေး (၁)နဲ့ စျေး(၂)ကြား မြို့တွင်း လမ်းတွေပေါ်မှာ လမ်းလျှောက်လှည့်လည်ခဲ့ကြကာ နေ့လည် ၁၂နာရီကျော်မှာ အထက(၂)အရှေ့မှာ လူစုခွဲခဲ့ကြပါတယ်။

မီးမီး

9 months Ago
Up