အာဏာသိမ်းမှုနှင့်

A d v e r t i s e m e n t With Us

October 29, 2016

အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး တူရကီလေယာဉ်မှူး ၇၃ ဦးကို ထိန်းသိမ်းရန် အမိန့်ထုတ်

တူရကီ အစိုးရ ရှေ့နေတွေက ဇူလိုင် အာဏာသိမ်းဖို့ ကြိုးစားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ လေတပ် လေယာဉ်မှူး ၇၃ ဦးကို ထိန်းသိမ်းဖို့ အမိန့် ထုတ်လိုက်တယ်လို့ အစိုးရရုပ်သံ အန်နာဒိုလူက  အောက်တိုဘာ ၂၇ ရက်နေ့မှာ အစီရင်ခံပါတယ်။ ဒီအာဏာသိမ်းဖို့ ကြိုးစားမှုကို အမေရိကန် အခြေစိုက် ဘာသာရေး ဆရာ ဖာသူလာ ဂူလန်က နောက်ကွယ်က ကြိုးကိုင်တယ်လို့ တူရကီ အစိုးရက အပြစ်တင်ပါတယ်။ အခု စစ်ဆင်ရေး ဟာ ဂူလန်ကို ထောက်ခံသူတွေကို ပစ်မှတ်ထားတယ် တူရကီ အလယ်ပိုင်းက ကွန်ညာခရိုင်အတွင်း လေတပ် အခြေစိုက် စခန်းနဲ့ တခြား ခရိုင် ၁၇ ခုလုံးကို အာရုံစိုက် ထားတယ်လို့ သတင်းဌာန က ဆက်ပြောပါတယ်။ နောက်ဆုံး စာရင်းအရ သံသယ ရှိသူတွေဟာ တူရကီ သမ္မတနိုင်ငံကို လက်နက်ကိုင် တော်လှန်မှုနဲ့ စွပ်စွဲခံထားရတဲ့ အဖွဲ့ဝင်တွေဟာ ဂူလန်ရဲ့ အကြမ်းဖက် အဖွဲ့အစည်းဝင်တွေ ဖြစ်တယ်လို့ ပုဂ္ဂလိကပိုင် ဒိုဂံ သတင်းဌာနက ပြောပါတယ်။ ဂူလန် ကတော့ အာဏာသိမ်းမှုမှာ ပါဝင်မှု မရှိဘူးလို့ ငြင်းပါတယ်။ ကွန်ညာ အခြေစိုက် စခန်းက စစ်သား ၄၇ ဦးဟာ ကျန်ခဲ့တဲ့ သတင်းပတ်က ရဲတွေ ဖမ်းတာ ခံခဲ့ရပါသေးတယ်။ အောက်တိုဘာ ၂၇ ရက်နေ့ကပဲ စစ်သားနဲ့ အရပ်သား အယောက် ၂ ရာကျော်ဟာ အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ စစ်ဆင်ရေး အတွင်း အဖမ်းခံရတယ်လို့ တခြား မီဒီယာတခုက အစီရင်ခံပါတယ်။ တူရကီဟာ အရပ်ဖက်၊ ရဲ၊ စစ်တပ်နဲ့ တရားရေး နယ်ပယ်တွေက ပြည်သူ့ဝန်ထမ်းတွေ အယောက် တသိန်းကျော်ကို တာဝန်က ရပ်ဆိုင်းထားပြီး လူအယောက် ၃ သောင်း ခွဲလောက်ကိုလည်း ဖမ်းဆီးထား ပြီးပါပြီ။ တူရကီ စစ်တပ်ဟာ တူရကီ တောင်ပိုင်းနဲ့ အီရတ်နိုင်ငံထဲက ကာဒစ်ရှ် စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ပွဲ ဆင်နေချိန်မှာ ခုလို ဖမ်းဆီး ထိန်းသိမ်း မှုတွေကို တပြိုင်တည်း လုပ်ခဲ့တာပါ။
4 years Ago
Up