အာဏာလုပွဲ

November 6, 2019

ယီမင်တောင်ပိုင်း အာဏာလုပွဲ အဆုံးသတ်ရေး သဘောတူညီချက်လက်မှတ်ထိုး

ယီမင်တောင်ပိုင်း အာဏာလုပွဲ အဆုံးသတ်ရေး သဘောတူညီချက်ကို နိုဝင်ဘာလ ၅ ရက်နေ့က ဆော်ဒီ ထောက်ခံတဲ့ ယီမင်အစိုးရနဲ့ တောင်ပိုင်းခွဲထွက်ရေးသမားတွေ လက်မှတ်ထိုးခဲ့ပါတယ်။ အဲဒီသဘောတူညီချက်ကို ဘက်ပေါင်းစုံ ပဋိပက္ခဖြေရှင်းရေးအတွက် ခြေလှမ်းတရပ်အဖြစ် ဆော်ဒီအိမ်ရှေ့မင်းသားက ကြိုဆိုလိုက်ပါတယ်။ ဒီအကျပ်အတည်းဟာ ၄ နှစ်ကျော်ကြာ ယီမင်စစ်ပွဲမှာ စစ်မျက်နှာသစ် ဖွင့်လှစ်ပြီး ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့အတွင်း အကွဲအပြဲတွေ ဖြစ်စေခဲ့ပါတယ်။ ယီမင်သမ္မတ မန်ဆူဟာဒီကို ဖြုတ်ချခဲ့တဲ့ ဟူသီခွဲထွက်ရေးသမားတွေကို ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေတာပါ။ အခုရေးထိုးတဲ့ သဘောတူညီချက် အသေးစိတ်ကို မပြောကြားပေမယ့် ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေ အဆိုအရ ဒီသဘောတူညီချက်ဟာ ယီမင်အစိုးရ အဖွဲ့အတွင်းမှာ   တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီ (STC) ကို ပါဝင်စေပြီး သောင်းချီတဲ့ ခွဲထွက်ရေး တပ်ဖွဲ့ဝင်တွေကို အစိုးရ ထိန်းချုပ်မှုအောက် ထားရှိရေးအချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
1 year Ago
Up