အာဏာရှင်အမြစ်ပြတ်ရေး တိုက်ပွဲ

March 2, 2021

မန္တလေး အမှတ် (၃) ရဲစခန်း စခန်းမှူး CDM တွင် ပါဝင်၊ အာဏာရှင်အမြစ်ပြတ်ရေး တိုက်ပွဲဝင်မည်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၃) ရဲစခန်းက စခန်းမှူး ရဲအုပ် ကျော်ကျော်ဦး ဟာ မတ်လ ၂ ရက်နေ့ကစပြီး CDM မှာ ပါဝင်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ်မှူးတို့ဆီ စာတင် အကြောင်းကြားလိုက်ပါတယ်။

အခုလို လုပ်ဆောင်ရတာဟာ အာဏာကို မတရားရယူသွားတဲ့ အာဏာရှင်တွေရဲ့ လက်အောက်မှာ မလုပ်လိုတဲ့အတွက်ဖြစ်ပြီး အာဏာရှင်စနစ်အမြစ်ပြတ်ရေး တိုက်ပွဲဝင်မယ်လို့ သူ့ရဲ့ စာမှာ ဖော်ပြထားပါတယ်။

ရဲအုပ် ကျော်ကျော်ဦးဟာ လုပ်သက် ၂၆ နှစ်အတွင်း ခွင့် ၅  ရက်သာ ယူခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

2 years Ago
Up