အာဏာရှင်ပြုတ်ကျရေး

March 31, 2021

အာဏာရှင်ပြုတ်ကျရေး မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေ နေရာအနှံ့ ရှိနေပေမယ့် မတ်လ ၃၁ ရက်နေ့က အာဏာရှင်ပြုတ်ကျရေးအတွက် မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းဟာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းဟာ ဘယ်လောက်အတားအဆီးတွေရှိရှိ နေ့စဉ် စစ်ကြောင်းချီတက်လေ့ရှိပြီး ဒီကနေ့ဆိုရင် ၅၁ ရက်မြောက်ရှိပြီဖြစ်ပါတယ်။

သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှာ ကျောင်းတိုက်ပေါင်းစုံက ဆရာတော် သံဃာတော်တွေ အပြင် လူငယ်တွေပါ ပူးပေါင်းပါဝင်ကြပြီး စစ်အာဏာရှင်ကျရှုံးရေး၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြပါတယ်။

8 months Ago

February 22, 2021

အာဏာရှင်ပြုတ်ကျသည်အထိ ပြုလုပ်မည့် ဒီပဲယင်းက ကျိန်စာတိုက်ပွဲ

အောင်ကိုလတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်နဲ့ ဘုတလင်မြို့နယ်စပ် ဆည်လယ်ရွာ၊ နှောဘိုးတော်နတ်နန်းမှာ ဒေသခံပြည်သူ ၁၀၀ ဝန်းကျင်စုပေါင်းကာ အာဏာရှင်ဆန့်ကျင်ရေး ကျိန်စာတိုက်ပွဲပြုလုပ်ခဲ့ကြပါတယ်။ 

ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပြီး အာဏာရှင်မပြုတ်မချင်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ 

ဒီကျိန်စာတိုက်ပွဲမှာ နတ်နန်းထိန်းတွေက ကနဦး ဆုတောင်းတာတွေ ပြုလုပ်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ပုံကို နတ်နန်းအဝင်ဝမှာ ခြေနဲ့နင်းတာ၊ မီးရှို့တာတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ 

အာဏာရှင်ပြုတ်ကျရေး ကျိန်စာတိုက်ပွဲတွေကို တခြားမြို့နယ်တွေမှာလည်း ပြုလုပ်နေကြပြီး ပြီးခဲ့တဲ့ တပတ်ကလည်း ယင်းမာပင်မြို့နယ်က ဇီးတော အမေရေယာဉ်နတ်နန်းမှာ ကျိန်စာတိုက်ခဲ့ပါသေးတယ်။

အောင်ကိုလတ်

9 months Ago
Up