အာဏာရပါတီခေါင်းဆောင်

October 1, 2020

ဗလီဖြိုချမှုဖြင့် စွဲချက်တင်ခံရသည့် အိန္ဒိယအာဏာရပါတီခေါင်းဆောင်များ တရားသေလွတ်မြောက်

၁၉၉၂ ခုနှစ်တုန်း  ၁၆ ရာစု ဘတ်ဘရီဗလီကို ဖြိုချရာမှာ ပါဝင်ခဲ့တယ်ဆိုပြီး စွဲချက်တင်ခံထားရတဲ့  အိန္ဒိယ အာဏာရပါတီ ထိပ်တန်းခေါင်းဆောင်တွေကို အထူးတရားရုံးက တရားသေလွှတ်ပေးလိုက်ပါ တယ်။  ဥတ္တာပရာဒေ့ရ်ပြည်နယ် အယောဒယမြို့က ဗလီကို ဖြိုချဖို့  ဟိန္ဒူဘာသာဝင် လူစုတွေကို လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဒုဝန်ကြီးချုပ်ဟောင်း အယ်လ်ကေ အက်ဗန်နီ၊ BJP  ပါတီခေါင်းဆောင်တွေ ဖြစ်တဲ့ အမ်အမ်ဂျိုရှီနဲ့  အူမာဘာတီတို့က ငြင်းဆိုခဲ့ပါတယ်။  ဘတ်ဘရီ ဗလီဖြိုချခံရမှုကြောင့် အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ပြီး လူ ၂၀၀၀ လောက် သေဆုံးခဲ့ပါတယ်။   နောက်ပြီး ဒါဟာ အိန္ဒိယနိုင်ငံရေး လောကမှာ ဟိန္ဒူလက်ယာယိမ်းပါတီ ပေါ်ပေါက်လာတဲ့ အရေးပါတဲ့ အခိုက်အတန့်လည်း ဖြစ်ပါတယ်။  စက်တင်ဘာ ၃၀ ရက် တရားရုံး စီရင်ချက်မှတော့ စွဲချက်တင်ခံရသူ ၄၉ ယောက်ထဲက ၃၂ ယောက်ကို  တရားသေလွှတ်ပေးခဲ့ပါတယ်။  ကျန် ၁၇ ယောက်ကတော့ တရားစွဲဆိုခံရချိန်မှာပဲ သေဆုံးခဲ့တယ်လို့ ရိုက်တာက ဖော်ပြ ပါတယ်။ 
7 months Ago
Up