မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ လက်ရှိအာဏာရ အလုပ်သမားပါတီရဲ့ အတွင်းရေးမှူးချုပ် အဖြစ် ရွေးကောက် တင်မြှောက်ခံရတယ်လို့ မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က ဇန်နဝါရီ ၁၁ ရက်မှာ ကြေညာပါတယ်။
ပါတီအတွင်းရေးမှူးချုပ်ရာထူးဟာ တိုင်းပြည်ညီညွတ်ရေးနဲ့ လမ်းညွှန်ချက်တွေရဲ့ အချက်အခြာနဲ့ တော်လှန်ရေးရဲ့ အကြီးအကဲဆိုတဲ့နေရာဖြစ်ကြောင်းနဲ့ အတွင်းရေးမှူးချုပ်အဖြစ် တင်မြှောက်ရေး အဆိုပြုချက်ကို ကွန်ဂရက်က အပြည့်အဝ အတည်ပြု ပေးခဲ့တယ်လို့ KCNA က ပြောပါတယ်။
ကင်ဟာ သူ့ သြဇာထပ်တိုးခိုင်မြဲရေး ရည်မှန်းပြီး ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူရဲ့ ရာထူးကို လွှဲယူလိုက်တာပဲလို့ ရိုက်တာသတင်းဌာနက သုံးသပ်ဖော်ပြပါတယ်။
ပါတီရဲ့ နှစ်တော်တော်ကြာမှ တခါ ကျင်းပတဲ့ ကွန်ဂရက်အတွင်း ဇန်နဝါရီ ၁၀ ရက်က ရွေးကောက် တင်မြှောက်ခဲ့တာပါ။
ဒီကွန်ဂရက်အတွင်း လာမယ့် ငါးနှစ်တာ ကာလမှာ သံတမန်ရေး၊ စစ်ရေးနဲ့ စီးပွားရေး မူဝါဒတွေ အတွက် အသေးစိတ် စီမံချက်တွေကို မြေပုံထုတ်ရေး ကင်အတွက် စီမံ ပုံစံချထားပါတယ်။
2 months Ago