အာဇာနည်နေ့

July 19, 2019

ပျဉ်းမနားမြို့ အာဇာနည်နေ့ အခမ်းအနား ပြည်သူထောင်ချီတက်ရောက် (ဓာတ်ပုံ)

နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန်ရှိ ဗိုလ်ချုပ်ကြေးရုပ်မှာ ၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ပြီး လူထောင်ချီ တက်ရောက် အလေးပြုခဲ့ကြပါတယ်။ အခမ်းနားကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ အန်အယ်လ်ဒီ ပါတီဝင်တွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရေဆင်းရှိ တက္ကသိုလ်သုံးခုက ကျောင်းသားသမဂ္ဂအဖွဲ့တွေ၊ ပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူ ထောင်ချီ တက်ရောက် အလေးပြုခဲ့ကြပါတယ်။
2 years Ago

အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်တွင်ကျင်းပ  (ဓာတ်ပုံ)

၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့ ဇူလိုင် ၁၉ရက် မနက်က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အာဇာနည်ကျောက်တိုင်ပန်းခြံမှာ ကယားပြည်နယ် အစိုးရအဖွဲ့က  ကြီးမှူးကျင်းပပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ အချိန်  မနက် ၁၀ နာရီ ၃၇ မိနစ်မှာ အခမ်းအနားတက်ရောက်လာသူတွေက  ကျဆုံးသွားသူတွေအတွက် အလေးပြုခဲ့ကြပါတယ်။ ဒီနောက် ပြည်နယ်အစိုးရ၀န်ကြီးချုပ်နဲ့ ၀န်ကြီးဌာနတွေ၊ နိုင်ငံရေးပါတီတွေ နဲ့ ဌာနဆိုင်ရအဖွဲ့အစည်းတွေက အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက်  လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ကြပါတယ်။ လွမ်းသူပန်းခွေချ အလေးပြုပြီးနောက်မှာတော့  ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုရှိရာ ကန္တဟေ၀န်ပန်းခြံဆီ ဆက်လက်သွားရောက်ကာ ဗိုလ်ချုပ်ကြေးရုပ်တုရှေ့မှောက် အလေးပြုခဲ့ကြပါတယ်။ အရင်က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုရှိရာ ကန္တဟေ၀န်ပန်းခြံကို လူဝင်ထွက်ခွင့်မပြုဘဲ ပိတ်ထားရာကနေ ဒီကနေ့ကစပြီး ဖွင့်ထားတော့မယ်လို့ ရဲတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။
2 years Ago

မြို့နယ်အသီးသီးတွင် ပြုလုပ်သည့် ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားများ (ဓာတ်ပုံ)

ဒီနေ့ကျရောက်တဲ့ ၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကို နိုင်ငံတ၀န်းက မြို့နယ်အသီးသမီးမှာ ပြုလုပ်ခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရဝပြု လွမ်းသူပန်းခွေ ချခဲ့ကြပါတယ်။ တောင်ကြီး အာဇာနည်နေ့အခမ်းအနား (ဓာတ်ပုံ - ခွန်ရာဇာ) ပျဉ်းမနားမြို့ အာဇာနည်နေ့အခမ်းအနား (ဓာတ်ပုံ -  ဖိုးသား ကညွန်ကွင်းမြို့နယ် အာဇာနည်နေ့အခမ်းအနား (ဓာတ်ပုံ -  ကျော်အောင်) မိုင်းတုံမြို့ အာဇာနည်​​နေ့ အခမ်းအနား (ဓာတ်ပုံ - အောင်ဇေယျ) မြိတ်မြို့ အာဇာနည်နေ့ အခမ်းအနား (ဓာတ်ပုံ - မြတ်ထွဋ်) မြင်းခြံမြို့ အာဇာနည်နေ့ အခမ်းအနား (ဓာတ်ပုံ - ရီရီထွန်း) ဖျာပုံမြို့ အာဇာနည်နေ့ အခမ်းအနား (ဓာတ်ပုံ - ကျော်စိုးမိုး) မန္တလေးမြို့ခံလူငယ်များ အာဇာနည်နေ့ ဂုဏ်ပြုချီတက်အလေးပြု (ဓာတ်ပုံ - သော်တာ)
2 years Ago

အာဇာနည်နေ့အခမ်းအနား အဖွဲ့ချုပ်ရုံးတွင် ကျင်းပ (ဓာတ်ပုံ)

၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရုံးမှာ ကျင်းပပြုလုပ်ခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်တွေကို ၁၀ နာရီ ၃၇ မိနစ်အချိန်မှာ အလေးပြုခဲ့ကြပါတယ်။ ဓာတ်ပုံ - သူသူအောင်  
2 years Ago

မုံရွာမြို့ ၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား (ဓာတ်ပုံ)

၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့မနက်က စစ်ကိုင်းတိုင်း မုံရွာမြို့လယ် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်မှာ ကျင်းပပါတယ်။ အခမ်းအနားမှာ နိုင်ငံရေးပါတီတွေ၊ ဌာနဆိုင်ရာတွေ၊ ကျောင်းသားကျောင်းသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ပြည်သူတွေ လာရောက် ဂါရဝပြုခဲ့ကြပါတယ်။
2 years Ago

လားရှိုးမြို့တွင်ကျင်းပသည့် အာဇာနည်နေ့အခမ်းအနား (ဓာတ်ပုံ)

ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်လားရှိုးမြို့မှာ ၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့ မနက်က ကျင်းပနေပါတယ်။ ဒီအခမ်းအနားမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လေးစားချစ်မြတ်နိုးတဲ့ တိုင်းရင်းသား ပြည်သူလူထုတွေ၊ ကျောင်းသူကျောင်းသားတွေ၊ နိုင်ငံရေးပါတီတွေ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ တက်ရောက် ဂါဝရပြု ကြပါတယ်။
2 years Ago

ဗိုလ်ချုပ်ပြတိုက်အပေါ်ထပ် လေ့လာခွင့်ပြု

ဒီနေ့ ကျရောက်တဲ့ ၇၂ နှစ်မြောက်အာဇာနေ့မှာ ရန်ကုန်မြို့က ဗိုလ်ချုပ်ပြတိုက် အပေါ်ထပ်ကို တက်ရောက်လေ့လာခွင့်ပေးခဲ့ပါတယ်။ အရင်နှစ်က ကြံ့ခိုင်မှုအားနည်းလို့ ဗိုလ်ချုပ်ပြတိုက်အပေါ်ထပ်ကို တက်ရောက်ခွင့်ပိတ်ထားပြီး အခုနှစ်မှာတော့ ပြန်လည်ပြုပြင်ထားတာကြောင့် တကြိမ်ကို လူ ၅၀ နှုန်း တက်ရောက်ခွင့်ပေးခဲ့ပါတယ်။ ပြတိုက်အပေါ်ထပ်မှာရှိတဲ့ ဗိုလ်ချုပ်အိပ်ခန်းကို ဝင်ရောက်လေ့လာဖို့ ခွင့်ပြုထားပြီး ဘေးမှာရှိတဲ့ ဗိုလ်ချုပ်စာဖတ်ခန်းကို အပြင်ကနေ လေ့လာခွင့်ပြုထားပါတယ်။ ဒါ့အပြင် ကလေးများအိပ်ခန်းကို ဝင်ရောက်လေ့လာခွင့်ပြုထားပေမယ့် အထူးအစည်းအဝေးခန်းမကို ပြင်ပကနေ ကြည့်ရှုလို့ရအောင်ဖွင့်လှစ်ထားပါတယ်။ ပြတိုက်အဝင်မှာ ဗိုလ်ချုပ်စီးနှင်းတဲ့ ကားပြသထားသလို ရှားပါးဓာတ်ပုံတွေနဲ့ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံတွေ၊ တံဆိပ်ခေါင်းတွေ ပြသထားပါတယ်။ ပြတိုက်အတွင်းမှာတော့ ဗိုလ်ချုပ် ရုပ်တုတွေ၊ ဗိုလ်ချုပ်တို့နေ့စဉ်နေထိုင်စားသောက်ပုံ ပစ္စည်းတွေ၊ အသုံးအဆောင်တွေနဲ့ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံတွေ၊ အဝတ်အစားတွေကို ခင်းကျင်းပြသထားပါတယ်။ ဗိုလ်ချုပ်ပြတိုက်အဆောက်အဦကို ၁၉၂၁ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီး အနောက်တိုင်း ဗိသုကာဟန် ရောနှောတည်ဆောက်ထားတဲ့ ၂၀ ရာစု ဥရောပပုံစံဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိပြတိုက်ဖွင့်လှစ်ထားတဲ့ နေအိမ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ   မိသားစုနဲ့အတူ ၁၉၄၅ ခုနှစ် မေလကနေ ၁၉၄၇ခုနှစ် ဇူလိုင်လထိ ၂နှစ်တာ နေထိုင်ခဲ့ပါတယ်။ သတင်းဓာတ်ပုံ - စိုးမိုးအောင်  
2 years Ago
More News
Up