အာဇာနည်ခေါင်းဆောင်ကြီးများ

June 24, 2019

အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပုံတူကြေးရုပ်တု ဖြူးမြို့တွင် ထားရှိမည်

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ရှိ ဗိုလ်ချုပ်ရင်ပြင်မှာ ထားရှိမယ့် အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ပုံတူကြေးရုပ်တုတွေ ပြီးစီးသွားပြီဖြစ်တယ်လို့ ရုပ်တုတွေ ထားရှိဖို့ စီစဉ်နေသူတွေထံက သိရပါတယ်။ ဖြူးမြို့မှာ အမြင့် ၉ ပေရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို ၂၀၁၇ ခုနှစ်က စိုက်ထူထားရှိပြီး ကျန်ရှိနေတဲ့ အာဇာနည် ၈ ဦးကို ထားရှိနိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးစားပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေကို အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့ ထားရှိတာဖြစ်သလို မြို့ကျက်သရေဆောင် နေရာတခု ဖြစ်လာစေဖို့ရည်ရွယ်ပြီး ပြုလုပ်တာလို့ ဖြူးမြို့ ဗိုလ်ချုပ်ရင်ပြင်ထိန်း သိမ်းစောင့်ရှောက်ရေးကော်မတီ နာယက ဦးသက်စိန်က ပြောပါတယ်။ ဒီကြေးရုပ်တုတွေကို မန္တလေးမြို့ တမ္မဝတီရပ်ရှိ ပြည့်ဝ မြန်မာမှုကြေးသွန်းအနုပညာ လုပ်ငန်းမှ ကြေးသွန်းပညာရှင် ဦးအောင်အောင်မိုးက မတ်လဆန်းမှ စတင်ပြီး ပြုလုပ်နေတာ ဖြစ်ပြီး ဇွန်လ တတိယအပတ်မှ ပြီးစီးသွားတာပါ။ အဲဒီပုံတူကြေးရုပ်တုတွေက အမြင့် ၂ပေ ရှိပြီး ကိုယ်တပိုင်း ပုံပြုလုပ်ထားတာပါ၊ ပုံတူကြေးရုပ် တရုပ်ကို ကြေးပိဿာချိန် ၅၀ကျော် ရှိပါတယ်။ အာဇာနည် ၈ ဦး ပုံတူ ကြေးရုပ်တုတွေကို ဇူလိုင် ပထမအပတ်မှ မန္တလေးမြို့ကနေ ဖြူးမြို့သို့ သယ်ယူမှာဖြစ်ပြီး ဇူလိုင် ၁၉ရက်မှ ဖွင့်လှစ်ဖို့ အစီအစဉ်ရှိပါတယ်။ သတင်း- သော်တာ
4 years Ago

July 19, 2018

အာဇာနည်ခေါင်းဆောင်ကြီးများကို မန္တလာသီရိ အားကစားကွင်းတွင် ဂါရ၀ပြု (ဓာတ်ပုံ)

၇၁ နှစ်မြောက် အာဇာနည်နေ့မှာ ကျ​ဆုံး​လေပြီးသော အာဇာနည်​​ ခေါင်းဆောင်​ကြီးတွေကို ဝန်​ကြီးချုပ် ​​ဒေါက်​တာတာ​ဇော်​မြင့်မောင်​နဲ့ ကျောင်းသားပြည်သူတွေက  မန္တ​လေးမြို့ရှိ မန္တလာသီရိ အားကစားကွင်းမှာ သွားရောက် အလေးပြုခဲ့ကြပါတယ်။ အခမ်းအနားကို တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​တွေ၊ နယ်​စပ်​​ရေးရာဝန်​ကြီးနဲ့ အဖွဲ့တွေ၊ မန္တလေးတိုင်း အမျိုးသမီး​ရေးရာ​ကော်မတီဝင်တွေ၊ လူမှုအဖွဲ့အသီးသီးက တာဝန်​ရှိသူတွေ၊  ​ကျောင်းသူ​ ကျောင်းသားတွေနဲ့ တိုင်းရင်းသားတွေ တက်​​ရောက်​ ဂါရဝပြုခဲ့ကြပါတယ်။
5 years Ago

အာဇာနည် ခေါင်းဆောင်ကြီးများကို နိုင်ငံတဝန်း တစ်မိနစ် ဥသြဆွဲ ငြိမ်သက် ဂါရဝပြု

မြန်မာ့လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ၉ ဦး လုပ်ကြံခံရတဲ့ ဇူလိုင်လ ၁၉ ရက်နေ့ ၁၀ နာရီ ၃၇ မိနစ်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့  မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူတွေက မြို့နယ်အသီးသီးမှာ ၁ မိနစ် ဥသြဆွဲ ငြိမ်သက် ဂါရဝပြုခဲ့ကြပါတယ်။ အခုလို  အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဥသြဆွဲ အလေးပြုတာကို ယခင် စစ်အစိုးရ လက်ထက်တုန်းက  ပြုလုပ်ခွင့်မရခဲ့ဘဲ အရပ်သားအစိုးရ လက်ထက်နောက်ပိုင်းမှသာ အခုလို ပြန်လည်ပြုလုပ်ခွင့်ရရှိလာတာ ဖြစ်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ၇၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား ခြေတော်ရင်းမှာ ရှိတဲ့ အာဇာနည်ဗိမာန်မှာလည်း ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို မနက် ၈ နာရီမှာ စတင်ခဲ့ပြီး ဒုသမ္မတဦးမြင့်ဆွေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်ခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ လာရောက် လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့တဲ့ ဗိုလ်ချုပ်ပြတိုက်၊ အာဇာနည်ပုဂ္ဂိုလ်တွေ လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးများရုံးနဲ့ အာဇာနည်ဗိမာန်တို့ကို ဖွင့်လှစ်ပေးထားတဲ့အတွက်  ကျောင်းသူ ကျောင်းသားတွေနဲ့ ပြည်သူတွေ လာရောက် ဂါရဝပြု ကြည့်ရှု လေ့လာနေကြပါတယ်။ ဒီနေ့ ကျရောက်တဲ့ အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း၊  အပါအဝင် ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝပြုတဲ့ အခမ်းအနားတွေ မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ပုံသဏ္ဌာန်မျိုးစုံနဲ့ ကျင်းပခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်၊ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ နယ်ချဲ့လက်ပါးစေ သေနတ်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့်  ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်းမောင်နဲ့ ရဲဘော်ကိုထွေးတို့ သေနတ်ဒဏ်ရာတွေနဲ့  ကျဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။
5 years Ago

အာဇာနည်ခေါင်းဆောင်ကြီးများကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ဂါရဝပြု

ဒီကနေ့ ကျရောက်တဲ့ ၇၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ဗိမာန်ကို လာရောက်ပြီး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လွမ်းသူ့ပန်းခွေချ ဂါရဝပြုသွားပါတယ်။
5 years Ago

အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံးရှေ့ မြင်ကွင်း (ဓာတ်ပုံ)

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) ကို ဒီကနေ့ ကျရောက်တဲ့ ၇၁ နှစ်မြောက် အာဇာနည်နေ့မှာ ကျောင်းသား ပြည်သူတွေ ဝင်ရောက်ကြည့်ရှုလေ့လာဖို့ တန်းစီစောင့်ဆိုင်းနေစဉ်။
5 years Ago
Up