အာဆီယံ နှစ် ၅၀ ပြည့် အထိမ်းအမှတ်

August 14, 2017

အာဆီယံ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနား နေပြည်တော်တွင် ကျင်းပပြုလုပ်

အာဆီယံ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) မှာ သြဂုတ်လ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက အထိမ်းအမှတ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲ ဆုရ ကျောင်းသားကျောင်းသူတွေကို ဆုချီးမြှင့်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် အာဆီယံ နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အာဆီယံ အကတွေကို ကပြ ဖျော်ဖြေခဲ့ကြပါတယ်။
4 years Ago
Up