အာဆီယံ အမျိုးသမီးချန်ပီယံပြိုင်ပွဲ မြန်မာ အုပ်စုကြပ်

A d v e r t i s e m e n t With Us

June 30, 2018

အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ နည်းပြများ၏ ပြောစကား

အင်ဒိုနီးရှားနိုင်ငံ၊ Palembang မြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇွန် ၂၈ ရက်နေ့က ကျင်းပခဲ့ပြီး သက်ဆိုင်ရာ အသင်းနည်းပြတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီပြိုင်ပွဲနဲ့ ပတ်သက်လို့ နည်းပြတွေရဲ့ သုံးသပ်ချက်တွေကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုး “နည်းပြချုပ်အဖြစ် တာဝန်ယူတဲ့ ပထမဆုံးပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားသွားမှာပါ။ တပွဲချင်း အာရုံစိုက်သွားမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့အတွက် ကြိုးစားသွားမှာပါ။” မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းခေါင်းဆောင် ခင်မာလာထွန်း “ဒီပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ အောင်မြင်မှုရရှိအောင် အကောင်းဆုံး ကြိုးစား ကစားသွားမှာပါ။ အုပ်စုတွင်းမှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒို၊ စင်ကာပူအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။” “အသင်းတိုင်းကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်ကစားသွားမှာပါ။ ထုံးစံအတိုင်းပါပဲ။ အဓိကပြိုင်ဘက်ဖြစ်တဲ့ ဗီယက်နမ်ကို အဓိကထားယှဉ်ပြိုင်မှာပါ။ ဖိလစ်ပိုင်၊ စင်ကာပူ အသင်းတွေက ခြေစွမ်းပိုမိုတိုးတက်လာနေပါတယ်။ ဒါပေမယ့် ကျနော်တို့ အနိုင်ရအောင် ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ အင်ဒိုအသင်းက အိမ်ရှင် အားသာချက်ရှိပေမယ့် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မှာပါ။ ဆီမီးဖိုင်နယ်အဆင့်ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်ဖို့ အဓိက မျှော်မှန်းထားပါတယ်။” အင်ဒိုအသင်းနည်းပြချုပ် “အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားမှာပါ။ ဒီပြိုင်ပွဲပြီးရင်လဲ Asian Game 2018 ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး အင်ဒို အမျိုးသမီးဘောလုံးအသင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။” ဗီယက်နမ်အသင်းနည်းပြချုပ် “ကျနော် မှတ်မိသလောက်ဆိုရင် ဒီပြိုင်ပွဲပါ အပါဆိုရင် အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးပြိုင်ပွဲ ကျင်းပလာတာ ၂ ကြိမ်ရှိပါပြီ။ ပထမပြိုင်ပွဲကတော့ ၁၉၉၇ အင်ဒိုနီးရှားဆီးဂိမ်းမှာပါ။ ဒီပြိုင်ပွဲမှာ အာဆီယံအသင်းတွေ အများကြီး ဝင်ရောက်ယှဉ်ပြိုင်လို့ ဝမ်းသာပါတယ်။ အသင်းအားလုံး ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” လို့ ပြောပါတယ်။ စင်ကာပူအသင်းနည်းပြချုပ် “အမျိုးသမီးအသင်းနည်းပြချုပ်အနေနဲ့ တာဝန်ထမ်းဆောင်တာ ပထမဆုံးအကြိမ်ပါ။ ဗီယက်နမ် မြန်မာအသင်းတွေက အင်အားကြီးတဲ့ အသင်းတွေပါ။ ဖိလစ်ပိုင်အသင်းကလဲ ဒီနှစ်ပိုင်းမှာ တိုးတက်မှုမြန်ဆန်တဲ့ အသင်းတသင်းပါ။ အိမ်ရှင် အင်ဒိုနီးရှားအသင်းတို့နဲ့ အုပ်စုတစုတည်းမှာ ယှဉ်ပြိုင်ရမှာက ကျနော့်အတွက် စိန်ခေါ်မှုတခုပါ။ ဒီလိုပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရတာက စင်ကာပူအသင်းအတွက် အများကြီး တန်ဖိုးရှိပါတယ်။ တတ်နိုင်သမျှ အစွမ်းကုန် ယှဉ်ပြိုင်သွားမှာပါ။ ဖိလစ်ပိုင် ယူ-၁၆ အသင်းနဲ့ မကြာသေးခင်ကမှ အင်ဒိုနီးရှား Palembang မြို့ကို ရောက်ခဲ့ပါတယ်။ ဒီပြိုင်ပွဲက ဒုတိယအကြိမ်မြောက်ပါ။ ဖိလစ်ပိုင် အသင်းနည်းပြချုပ် ဖိလစ်ပိုင်အသင်းအနေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ” လို့ ပြောပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ဇူလိုင် ၁ ရက်နေ့မှာ ဖိလစ်ပိုင်၊ ဇူလိုင် ၅ ရက်နေ့ အင်ဒိုနီးရှား၊ ဇူလိုင် ၇ ရက်နေ့ စင်ကာပူ၊ ၉ ရက်နေ့မှာတော့ ဗီယက်နမ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
3 years Ago

March 12, 2016

အာဆီယံ အမျိုးသမီးချန်ပီယံပြိုင်ပွဲ မြန်မာ အုပ်စုကြပ်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၆ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စုပြိုင်ပွဲမှာတော့ မြန်မာက သြစတြေးလျ၊ မလေးရှားအပါအ၀င် ဖိတ်ခေါ်အသင်းတသင်းနဲ့ အုပ်စု (ခ)မှာ ကျရောက်နေပါတယ်။ မတ် ၁၂ ရက်က မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး တိုင်ပေ၊ ဂျပန်၊ တောင်ကိုရီးယားအသင်းတွေထဲက တသင်းကို ဖိတ်ခေါ်ထားတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ အုပ်စု(က)မှာတော့ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင် တို့ပါဝင်ကစားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲတွေကို မန္တလေးမြို့ မန္တလာသီရိ ဘောလုံးကွင်းမှာ ဇူလိုင် ၂၆ ကနေ သြဂုတ် ၄ ရက် အထိ ကျင်းပမှာ ဖြစ်ပြီး ပွဲစဉ် အသေးစိတ်ကို နောက်ပိုင်းမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ အလားတူ ၂၀၁၆ ခုနှစ် အာဆီယံ ယူ ၁၆ လူငယ်ပြိုင်ပွဲ အုပ်စုပွဲမှာတော့ မြန်မာ ယူ ၁၆ အသင်းဟာ အုပ်စု (က)မှာ သြစတြေးလျ၊ ဖိလစ်ပိုင်၊ဗီယက်နမ်၊ စင်ကာပူ အသင်းများနှင့် အတူကျရောက်နေပါတယ်။ အုပ်စု (ခ)မှာတော့ ကမ္ဘောဒီးယား ထိုင်း၊ လာအို၊ တီမော၊ ဘရူနိုင်းနဲ့ ယှဉ်ပြိုင်ဖို့ အတည်မပြုသေးတဲ့ အင်ဒိုနီးရှားတို့ အုပ်စုတခုတည်း ကျရောက်နေပါတယ်။ ယူ ၁၆ ပြိုင်ပွဲတွေကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ဇူလိုင် ၁၀ ကနေ ၂၃ ရက် အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
5 years Ago
Up