အာဆီယံ ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ ၁၉ အသင်းဟာ စက်တင်ဘာ ၉ ရက်က ပြိုင်ပွဲကျင်းပမယ့် ဗီယက်နမ်နိုင်ငံကို ထွက်ခွာသွားပါတယ်။
အာဆီယံ ယူ ၁၉ ပြိုင်ပွဲကို စက်တင်ဘာ ၁၁ ရက်ကနေ ၂၄ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး အာဆီယံအသင်း ၁၁ သင်းကို ၅ သင်းတအုပ်စုနဲ့ ၆ သင်းတအုပ်စုခွဲပြီး ယှဉ်ပြိုင်ကြမှာပါ။
မြန်မာ ယူ ၁၉ အသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၁၂ ရက်မှာ အင်ဒိုနီးရှားအသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်မှာ သြစတြေးလျ၊ စက်တင်ဘာ ၁၆ ရက်မှာ လာအို၊ စက်တင်ဘာ ၁၈ မှာ ကမ္ဘောဒီးယား၊ စက်တင်ဘာ ၂၀ မှာ ထိုင်းအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
တဘက်အုပ်စုမှာတော့ အိမ်ရှင်ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ အရှေ့တီမောအသင်းတို့ ပါဝင်နေတာဖြစ်ပါတယ်။
မြန်မာ ယူ ၁၉ အသင်းဟာ အာဆီယံ ယူ ၁၉ ပြိုင်ပွဲသမိုင်းမှာ ၂၀၀၅ ခုနှစ်တုန်းက ချန်ပီယံတကြိမ် ရရှိဖူးပေမယ့် နောက်ပိုင်းပြိုင်ပွဲတွေမှာတော့ အောင်မြင်မှုနဲ့ ဝေးကွာနေပါတယ်။
4 years Ago