အာဆီယံ ယူ-၁၈ ပြိုင်ပွဲ မလေးရှား ၃ - ၁ စင်ကာပူ၊ ကမ္ဘောဒီးယား ၁ - ၁ တီမော

September 6, 2017

အာဆီယံ ယူ-၁၈ ပြိုင်ပွဲ မလေးရှား ၃ - ၁ စင်ကာပူ၊ ကမ္ဘောဒီးယား ၁ - ၁ တီမော (ဓာတ်ပုံ)

မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၈ ဘောလုံးပြိုင်ပွဲ အုပ်စု က ဒုတိယပွဲစဉ်တွေကို ဒီနေ့ နေ့လယ် ၃ နာရီက ယှဉ်ပြိုင်ရာ မလေးရှားက စင်ကာပူကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘောဒီးယားနဲ့ တီမောတို့ တဘက်တဂိုးစီ သရေကျသွားပါတယ်။ မလေးရှားနဲ့ စင်ကာပူတို့ ပွဲစဉ် ပထမပိုင်းမှာ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ကြဘဲ သရေကျခဲ့ပြီး ဒုတိယပိုင်းမှ ဂိုးတွေသွင်းခဲ့ကြတာပါ။ ကမ္ဘောဒီးယားနဲ့ တီမောတို့ ပွဲစဉ်မှာတော့ ပွဲချိန် ၂၇ မိနစ်မှာ ကမ္ဘောဒီးယားက ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ၅၈ မိနစ်မှာ တီမောအသင်းက ချေပဂိုး ပြန်သွင်းခဲ့လို့ ပွဲအပြီးမှာ တဂိုးစီ သရေကျသွားပါတယ်။ အုပ်စု က နောက်ပွဲစဉ်ဖြစ်တဲ့ ထိုင်းအသင်းနဲ့ လာအိုတို့ ပွဲစဉ်ကိုတော့ ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်  
4 years Ago
Up