မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု (က)ပွဲစဉ်တွေကို မနေ့ညနေက ဆက်လက်ကျင်းပရာမှာ ထိုင်းနဲ့ မလေးရှားအသင်းတွေ အနိုင်ရသွားပါတယ်။
အောင်ဆန်းကွင်းမှာ ကန်သွားတဲ့ မလေးရှားနဲ့ စင်ကာပူတို့ ပွဲစဉ်မှာ မလေးရှားယူ ၁၈ အသင်းက စင်ကာပူယူ ၁၈ အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
သုဝဏ္ဏကွင်းမှာ ကန်သွားတဲ့ ထိုင်းနဲ့ လာအိုတို့ပွဲစဉ်မှာတော့ ထိုင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘောဒီးယားနဲ့ တီမောတို့ ပွဲစဉ်မှာတော့ တဖက်တဂိုးစီ သရေကျသွားပါတယ်။
အုပ်စုတွင်း နှစ်ပွဲစီကန်အပြီးမှာ ထိုင်း ယူ-၁၈ အသင်းနဲ့ မလေးရှား ယူ-၁၈ အသင်းတို့က နှစ်ပွဲအနိုင်ရကာ ရမှတ် ၆ မှတ်စီ အသီးသီး ရရှိထားပြီး စင်ကာပူ ယူ-၁၈ အသင်းကတော့ တပွဲနိုင် ၃ မှတ် ရရှိထားပါတယ်။
ဒီကနေ့ညနေမှာတော့ အုပ်စု (ခ)ပွဲစဉ်တွေအဖြစ် ဗီယက်နမ်နဲ့ ဘရူနိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားအသင်းတွေ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားကြရဖို့ရှိပါတယ်။
အိမ်ရှင် မြန်မာယူ ၁၈ အသင်းကတော့ လာမယ့် စနေနေ့မှာ ဘရူနိုင်းအသင်းနဲ့ ကစားရဖို့ ရှိပါတယ်။
ဓာတ်ပုံ-MFF
4 years Ago