၁၀ ကြိမ်မြောက် Asean School Games 2018 ပြိုင်ပွဲ ပြေးခုန်ပစ်အားကစားမှာ မြန်မာက ပထမဆုံး ရွှေတံဆိပ် ရရှိခဲ့ပါတယ်။
ဒီပြိုင်ပွဲကို ဇူလိုင် ၁၉ ရက်ကနေ ၂၇ ရက်နေ့အထိ မလေးရှားနိုင်ငံ Shah Alam Selangor မြို့မှာ ကျင်းပနေတာဖြစ်ပြီး ပြေးခုန်ပစ်၊ အမျိုးသားလမ်းလျှောက် မီတာ ၅၀၀၀ ပြိုင်ပွဲမှာ မြန်မာက ရွှေတံဆိပ် ရရှိခဲ့တာပါ။
အမျိုးသားလမ်းလျှောက် မီတာ ၅၀၀၀ ပြိုင်ပွဲမှာ မိုင်ညီညီမိုးက စံချိန် ၂၂ မိနစ် ၅၇ ဒသမ ၁၉ စက္ကန့်နဲ့ ရွှေတံဆိပ် ဆွတ်ခူးခဲ့တာဖြစ်ပြီး မလေးရှားက ဒုတိယ၊ ထိုင်းက တတိယ ရရှိခဲ့ပါတယ်။
မြန်မာကျောင်းသားအားကစားအဖွဲ့ဟာ ဒီနေ့အထိ ပြေးခုန်ပစ်အားကစားနည်းကနေ ရွှေ ၁ ခု၊ ငွေ ၁ ခု၊ ကြေး ၁ ခုနဲ့ စားပွဲတင်တင်းနစ် အားကစားနည်းမှာ ကြေး ၁ ခု ရရှိထားတယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။
5 years Ago