အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် စင်ကာပူအမျိုးသမီးလက်ရွေးစင်အသင်းဟာ မြန်မာနိုင်ငံကို လေ့ကျင့်ရေးခရီးစဉ် လာရောက်မယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
အဆိုပါ ခရီးစဉ် ကုန်ကျစရိတ်တွေကို စင်ကာပူဘောလုံးအဖွဲ့ချုပ်က အကုန်အကျခံတာလို့ ဆိုပါတယ်။
စင်ကာပူလက်ရွေးစင် အမျိုးသမီးအသင်းရဲ့ မြန်မာခြေစမ်းခရီးမှာ မြန်မာ့လက်ရွေးစင်ယူ ၁၉ အမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာ ဖြစ်ပြီး ဇူလိုင် ၁၃ ရက်နေ့ ညနေ ၄ နာရီ ဗဟန်းမြက်တုကွင်းမှာ ယှဉ်ပြိုင်မှာပါ။
မြန်မာ့လက်ရွေးစင်ယူ ၁၉ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက တာဝန်ယူကိုင်တွယ်နေပြီး ထိုင်းနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပမယ့် အာရှယူ - ၁၉ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ပဏာမ ကစားသမားအယောက် ၃၀ နဲ့ ဇူလိုင် ၁ ရက်နေ့က စတင်ကာ လေ့ကျင့်နေတဲ့အသင်းဖြစ်ပါတယ်။
စင်ကာပူအမျိုးသမီးဘောလုံးအသင်းများအနေနဲ့ အခုလို့ လာရောက်လေ့ကျင့်တာဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး ယခင်က စင်ကာပူ ယူ ၁၆ နဲ့ ယူ ၁၉ အမျိုးသမီးအသင်းတွေ လာရောက်လေ့ကျင့်ခဲ့ဖူးပါတယ်။
2 years Ago