အာဆီယံယူ-၁၈ ဆီမီးတွင် အင်ဒိုကို အနိုင်ယူပြီး ထိုင်း ဗိုလ်လုပွဲတက်

September 15, 2017

အာဆီယံယူ-၁၈ ဆီမီးတွင် အင်ဒိုကို အနိုင်ယူပြီး ထိုင်း ဗိုလ်လုပွဲတက်

မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံယူ-၁၈ ချန်ပီယံရှစ် ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် ထိုင်းနဲ့ အင်ဒိုနီးရှားတို့ ဒီနေ့လယ် ၃ နာရီက ယှဉ်ပြိုင်ရာ ထိုင်းက ပယ်နယ်တီအဆုံးအဖြတ် ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ အင်ဒိုနီးရှားအသင်းဟာ လျှင်လျှင်မြန်မြန်နဲ့ တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ဂိုးကန်သွင်းခွင့် လွဲချော်တာ၊ ထိုင်းနောက်တန်းနဲ့ ဂိုးသမား ကာကွယ်နိုင်တာတွေကြောင့် လိုအပ်တဲ့ အနိုင်ဂိုး မရခဲ့တာပါ။ ပွဲကစားချိန် မိနစ် ၉၀ ပြည့်တဲ့အထိ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်လို့ ပယ်နယ်တီ အဆုံးအဖြတ် ကန်သွင်းခဲ့ရာမှာ ထိုင်းက ၃ ဂိုး ဝင်ပြီး အင်ဒိုက ၂ ဂိုးပဲရလို့ ထိုင်း နောက်ဆုံး ဗိုလ်လုပွဲကို တက်လှမ်းသွားတာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ဒီနေ့ညနေ ၆ နာရီမှာ အိမ်ရှင်မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ ယှဉ်ပြိုင်မှာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ ထိုင်းအသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up