အာဆီယံနိုင်ငံတခုနှင့်တခု ဝင်မစွက်ဖက်ရေးမူကို လူထုညီလာခံ ဝေဖန်ထောက်ပြ

September 13, 2019

အာဆီယံနိုင်ငံတခုနှင့်တခု ဝင်မစွက်ဖက်ရေးမူကို လူထုညီလာခံ ဝေဖန်ထောက်ပြ

အာဆီယံရဲ့ နိုင်ငံတခုနဲ့တခု ဝင်ရောက်စွက်မဖက်ရေးမူ၊ ဆန္ဒခံယူရမယ်ဆိုတဲ့အချက်ကြောင့် အာဆီယံ လုပ်ငန်းတွေ ဆုံးဖြတ်ချက်ချရာမှာ အားနည်းချက်တွေရှိနေကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံလူထုညီလာခံကနေ ဝေဖန်ထောက်ပြခဲ့ကြပါတယ်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက လူမှုအခြေပြုအဖွဲ့အစည်းတွေပါဝင်တဲ့ ၂၀၁၉ အာဆီယံ လူထုညီလာခံကို ထိုင်းနိုင်ငံ ပထုံဌာနီခရိုင် သမာဆတ်က္ကသိုလ်မှာ စက်တင်ဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့ထိ ၃ ရက်တာ ကျင်းပသွားခဲ့ပါတယ်။ အဆိုပါ ညီလာခံမှာ သက်ဆိုင်ရာနိုင်ငံအသီးသီးက တက်ရောက်လာတဲ့ လူမှုအခြေပြုအဖွဲ့ အစည်းကိုယ်စားလှယ်တွေအနေနဲ့  မိမိဒေသတွင်း ကြုံတွေ့နေရတဲ့ တရားမျှတရေး၊ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး အခြေအနေတွေကို လာရောက်ဆွေးနွေး ဖလှယ်ပြီး  ဒေသတွင်း အစိုးရတွေအနေနဲ့ ဆောင်ရွက်သင့်တဲ့အချက်တွေကို တောင်းဆိုခဲ့ကြတာပါ။ အဆိုပါတောင်းဆိုချက်တွေထဲမှာ  ပထမဆုံး အာဆီယံရဲ့လုပ်ငန်းတွေ ဆုံးဖြတ်ချက်ချရာမှာ အားနည်းနေတယ်ဆိုတဲ့အချက်ကို ထောက်ပြထားတယ်လို့ ညီလာခံမှာ မြန်မာနိုင်ငံ လူမှုအခြေပြု အဖွဲ့အစည်းအနေနဲ့ ပါဝင်ဆွေးနွေးခဲ့သူ ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဒီဗွီဘီကို ပြောပါတယ်။ “အာဆီယံအနေနဲ့ သူ့ရဲ့ အာဆီယံ ချာတာမှာ ပါတဲ့ လူထုအခြေပြု people center ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပေမယ့်  တကယ်တမ်းကျလို့ရှိရင် ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းနေတယ်၊ ပြီးရင် အာဆီယံရဲ့ နိုင်ငံတခုနဲ့တခု ဝင်ရောက်စွက်မဖက်ရေးမူတို့၊ အားလုံးရဲ့ဆန္ဒခံယူရမယ် ဆိုတဲ့အချက်တွေကြောင့် အာဆီယံရဲ့ လုပ်ငန်းတွေမှာ ဆုံးဖြတ်ချက်ချတဲ့အခါမှာ  အားနည်းနေတဲ့အချက်ကို ပထမဆုံးထောက်ပြထားပါတယ်” ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကဏ္ဍမှာတော့ အာဆီယံနိုင်ငံရှိ လူ့အခွင့်ရေး ကော်မရှင်တွေအနေနဲ့ အမျိုးသမီးနဲ့ ကလေးအခွင့်အရေးဆိုင်ရာကော်မတီမှာ အားနည်း နေကြောင်း၊ လူ့အခွင့်အရေးမြှင့်တင်ရုံမျှမကဘဲ ကာကွယ်ခြင်းကို ပိုမိုအားထုတ်သင့်ပြီး တိုင်ကြားချက်တွေအပေါ် အရေးယူဆောင်ရွက်တဲ့အဆင့်ထိ တိုးမြှင့်သင့်တယ်လို့ အကြံပြု တောင်းဆိုထားတယ်လို့ ဆိုပါတယ်။   အာဆီယံနိုင်ငံအားလုံးအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အတင်းအကြပ်လက်မှ တ်ထိုးခြင်းကို တိုက်တွန်းကြောင်း၊ အာဆီယံရဲ့ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ကို ပိုမိုလွတ်လပ်ပြီး၊ ပိုမိုအားကောင်းပြီး  လူ့အခွင့်အရေးကိစ္စကို စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်သော အဖွဲ့အစည်းမျိုးဖြစ်ဖို့ လိုအပ်ကြောင်း၊ အစိုးရလက်အောက်ခံ၊ အစိုးရနဲ့ ပတ်သက်နေသောအဖွဲ့မျိုးမဖြစ်သင့်ဘူးလို့လည်း အကြံပြုထားပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း စုံစမ်းစစ်ဆေးဖို့ လိုအပ်နေကြောင်း၊ လွတ်လပ်စွာ ပြောဆိုမှုကြောင့် ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးဖို့၊ တရားစွဲမျိုးတွေ ရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။ ကုန်သွယ်မှုကဏ္ဍမှာ အာဆီယံအနေနဲ့ ရင်းနှီးမှုကိုအားသန်ပေမယ့် ပြည်သူလူထုရဲ့ အခွင့်အရေးကို မထိခိုက်အောင် သတိထားဆောင်ရွက်သင့်ပြီး တနိုင်တပိုင်လုပ်ငန်းတွေကို အားပေးဖို့၊ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းမှာ လူထုနဲ့ တိုင်ပင်ဖို့ အချက်တွေလည်း ပါပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ၊ စီးပွားရေးပရောဂျက်တွေ ဆောင်ရွက်ရာမှာ လူထုရဲ့အသံ၊ ဆန္ဒကို ထည့်သွင်းစဉ်းစားဖို့၊ သဘာ၀၀န်းကျင် မထိခိုက်အောင် ထိန်းသိမ်းကာကွယ်ပေးဖို့အချက်တွေလည်း တောင်းဆိုထားပါတယ်။ ရွှေ့ပြောင်းလုပ်သားအရေးနဲ့ ပတ်သက်လို့လည်း အထောက်အထားရှိရှိ မရှိရှိ အလုပ်သမားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့၊ ဒုက္ခသည်တွေ၊ ပြည်တွင်းမှာ လှည့်လည်သွားလာနေရတဲ့ ဒုက္ခသည်တွေကို ကာကွယ်ပေးဖို့ တောင်းဆိုချက်မျိုးတွေအပါအဝင် လူထုတွေနဲ့ တွေ့ဆုံဆွေးနွေးတိုင်ပင်တဲ့ လုပ်ငန်းစဉ်တွေရှိသင့်ကြောင်း၊ သို့မှသာ ရည်မှန်းထားသော ကြာရှည်တည်တံ့ခိုင်မြဲတဲ့ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်ကို ရောက်ရှိနိုင်မယ့်အကြောင်း အကြံပြုထားပါတယ်။ အဆိုပါတောင်းဆိုချက်တွေကို အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နဲ့ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သက်ဆိုင်ရာ သမ္မတများ ဝန်ကြီးချုပ်များထံ ပေးပို့မှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလထဲ ထိုင်းနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲကြီးမှာလည်း လူထုအခြေပြု အဖွဲ့အစည်းကိုယ်စား လှယ် ၁၁ ဦးနဲ့ အစိုးရတာဝန်ရှိ ကိုယ်စားလှယ် ၁၁ ဦးတို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကမ်းလှမ်းထားကြောင်း ဦးအောင်မျိုးမင်းက ပြောသွားပါတယ်။ ဒီလို အာဆီယံလူထုညီလာခံကြီးကို နှစ်စဉ်ကျင်းပပြီး သက်ဆိုင်ရာအစိုးရတွေဆီ အကြံ ပြုတောင်းဆိုချက်တွေ ပေးပို့ခဲ့ရာမှာ လေးစားလိုက်နာတဲ့ နိုင်ငံတွေရှိသလို မလိုက်နာတဲ့ နိုင်ငံတွေလည်းရှိတာကြောင့် ယခင်ကတောင်းဆိုခဲ့ဘူးတာတွေလည်း တဖန်ပြန်ပြီးတောင်းဆို နေရဆဲဘဲလို့ ဆိုပါတယ် ။ ဒီတနှစ်ညီလာခံမှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက လူထုအခြေပြုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၀၀၀ လောက် တက်ရောက်လာပြီး မြန်မာနိုင်ငံအနေနဲ့လည်း လူထုအခြေပြုအဖွဲ့အစည်းပေါင်း ၂၀ ကျော်က ကိုယ်စားလှယ် ၆၀ ကျော် တက်ရော က်ဆွေးနွေးခဲ့ပါတယ် ။
အာဆီယံႏိုင္ငံတခုႏွင့္တခု ဝင္မစြက္ဖက္ေရးမူကို လူထုညီလာခံ ေဝဖန္ေထာက္ျပ နန္းျမနဒီ အာဆီယံရဲ႕ ႏိုင္ငံတခုနဲ႔တခု ဝင္ေရာက္စြက္မဖက္ေရးမူ၊ ဆႏၵခံယူရမယ္ဆိုတဲ့အခ်က္ေၾကာင့္ အာဆီယံ လုပ္ငန္းေတြ ဆုံးျဖတ္ခ်က္ခ်ရာမွာ အားနည္းခ်က္ေတြရွိေနေၾကာင္း ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ အာဆီယံလူထုညီလာခံကေန ေဝဖန္ေထာက္ျပခဲ့ၾကပါတယ္။ အာဆီယံအဖြဲ႕ဝင္ ၁၀ ႏိုင္ငံက လူမႈအေျချပဳအဖြဲ႕အစည္းေတြပါဝင္တဲ့ ၂၀၁၉ အာဆီယံ လူထုညီလာခံကို ထိုင္းႏိုင္ငံ ပထုံဌာနီခ႐ိုင္ သမာဆတ္ကၠသိုလ္မွာ စက္တင္ဘာလ ၁၀ ရက္မွ ၁၂ ရက္ေန႔ထိ ၃ ရက္တာ က်င္းပသြားခဲ့ပါတယ္။ အဆိုပါ ညီလာခံမွာ သက္ဆိုင္ရာႏိုင္ငံအသီးသီးက တက္ေရာက္လာတဲ့ လူမႈအေျချပဳအဖြဲ႕ အစည္းကိုယ္စားလွယ္ေတြအေနနဲ႔ မိမိေဒသတြင္း ႀကဳံေတြ႕ေနရတဲ့ တရားမွ်တေရး၊ တန္းတူညီမွ်ေရး၊ ၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီေရး အေျခအေနေတြကို လာေရာက္ေဆြးေႏြး ဖလွယ္ၿပီး ေဒသတြင္း အစိုးရေတြအေနနဲ႔ ေဆာင္႐ြက္သင့္တဲ့အခ်က္ေတြကို ေတာင္းဆိုခဲ့ၾကတာပါ။ အဆိုပါေတာင္းဆိုခ်က္ေတြထဲမွာ ပထမဆုံး အာဆီယံရဲ႕လုပ္ငန္းေတြ ဆုံးျဖတ္ခ်က္ခ်ရာမွာ အားနည္းေနတယ္ဆိုတဲ့အခ်က္ကို ေထာက္ျပထားတယ္လို႔ ညီလာခံမွာ ျမန္မာႏိုင္ငံ လူမႈအေျချပဳ အဖြဲ႕အစည္းအေနနဲ႔ ပါဝင္ေဆြးေႏြးခဲ့သူ ညီမွ်ျခင္းျမန္မာအဖြဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက ဒီဗြီဘီကို ေျပာပါတယ္။ “အာဆီယံအေနနဲ႔ သူ႔ရဲ႕ အာဆီယံ ခ်ာတာမွာ ပါတဲ့ လူထုအေျချပဳ people center ဆိုတဲ့ ေခါင္းစဥ္ျဖစ္ေပမယ့္ တကယ္တမ္းက်လို႔ရွိရင္ ပူးေပါင္းေဆာင္႐ြက္မႈေတြ အားနည္းေနတယ္၊ ၿပီးရင္ အာဆီယံရဲ႕ ႏိုင္ငံတခုနဲ႔တခု ဝင္ေရာက္စြက္မဖက္ေရးမူတို႔၊ အားလုံးရဲ႕ဆႏၵခံယူရမယ္ ဆိုတဲ့အခ်က္ေတြေၾကာင့္ အာဆီယံရဲ႕ လုပ္ငန္းေတြမွာ ဆုံးျဖတ္ခ်က္ခ်တဲ့အခါမွာ အားနည္းေနတဲ့အခ်က္ကို ပထမဆုံးေထာက္ျပထားပါတယ္” ဒါ့အျပင္ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးက႑မွာေတာ့ အာဆီယံႏိုင္ငံရွိ လူ႔အခြင့္ေရး ေကာ္မရွင္ေတြအေနနဲ႔ အမ်ိဳးသမီးနဲ႔ ကေလးအခြင့္အေရးဆိုင္ရာေကာ္မတီမွာ အားနည္း ေနေၾကာင္း၊ လူ႔အခြင့္အေရးျမႇင့္တင္႐ုံမွ်မကဘဲ ကာကြယ္ျခင္းကို ပိုမိုအားထုတ္သင့္ၿပီး တိုင္ၾကားခ်က္ေတြအေပၚ အေရးယူေဆာင္႐ြက္တဲ့အဆင့္ထိ တိုးျမႇင့္သင့္တယ္လို႔ အႀကံျပဳ ေတာင္းဆိုထားတယ္လို႔ ဆိုပါတယ္။ အာဆီယံႏိုင္ငံအားလုံးအေနနဲ႔ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး အတင္းအၾကပ္လက္မွ တ္ထိုးျခင္းကို တိုက္တြန္းေၾကာင္း၊ အာဆီယံရဲ႕ အစိုးရမ်ားဆိုင္ရာ လူ႔အခြင့္အေရးေကာ္မရွင္ကို ပိုမိုလြတ္လပ္ၿပီး၊ ပိုမိုအားေကာင္းၿပီး လူ႔အခြင့္အေရးကိစၥကို စြမ္းစြမ္းတမံ လုပ္ေဆာင္ႏိုင္ေသာ အဖြဲ႕အစည္းမ်ိဳးျဖစ္ဖို႔ လိုအပ္ေၾကာင္း၊ အစိုးရလက္ေအာက္ခံ၊ အစိုးရနဲ႔ ပတ္သက္ေနေသာအဖြဲ႕မ်ိဳးမျဖစ္သင့္ဘူးလို႔လည္း အႀကံျပဳထားပါတယ္။ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကိုလည္း စုံစမ္းစစ္ေဆးဖို႔ လိုအပ္ေနေၾကာင္း၊ လြတ္လပ္စြာ ေျပာဆိုမႈေၾကာင့္ ဖမ္းဆီးခံရသူေတြ ျပန္လႊတ္ေပးဖို႔၊ တရားစြဲမ်ိဳးေတြ ရပ္တန႔္ဖို႔လည္း ေတာင္းဆိုထားပါတယ္။ ကုန္သြယ္မႈက႑မွာ အာဆီယံအေနနဲ႔ ရင္းႏွီးမႈကိုအားသန္ေပမယ့္ ျပည္သူလူထုရဲ႕ အခြင့္အေရးကို မထိခိုက္ေအာင္ သတိထားေဆာင္႐ြက္သင့္ၿပီး တႏိုင္တပိုင္လုပ္ငန္းေတြကို အားေပးဖို႔၊ ရင္းႏွီးျမႇဳပ္ႏွံ မႈလုပ္ငန္းမွာ လူထုနဲ႔ တိုင္ပင္ဖို႔ အခ်က္ေတြလည္း ပါပါတယ္။ သဘာဝပတ္ဝန္းက်င္နဲ႔ပတ္သက္ၿပီး ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းေတြ၊ စီးပြားေရးပေရာဂ်က္ေတြ ေဆာင္႐ြက္ရာမွာ လူထုရဲ႕အသံ၊ ဆႏၵကို ထည့္သြင္းစဥ္းစားဖို႔၊ သဘာ၀၀န္းက်င္ မထိခိုက္ေအာင္ ထိန္းသိမ္းကာကြယ္ေပးဖို႔အခ်က္ေတြလည္း ေတာင္းဆိုထားပါတယ္။ ေ႐ႊ႕ေျပာင္းလုပ္သားအေရးနဲ႔ ပတ္သက္လို႔လည္း အေထာက္အထားရွိရွိ မရွိရွိ အလုပ္သမားအခြင့္အေရးကို ကာကြယ္ေစာင့္ေရွာက္ေပးဖို႔၊ ဒုကၡသည္ေတြ၊ ျပည္တြင္းမွာ လွည့္လည္သြားလာေနရတဲ့ ဒုကၡသည္ေတြကို ကာကြယ္ေပးဖို႔ ေတာင္းဆိုခ်က္မ်ိဳးေတြအပါအဝင္ လူထုေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးတိုင္ပင္တဲ့ လုပ္ငန္းစဥ္ေတြရွိသင့္ေၾကာင္း၊ သို႔မွသာ ရည္မွန္းထားေသာ ၾကာရွည္တည္တံ့ခိုင္ၿမဲတဲ့ဖြံ႕ၿဖိဳး တိုးတက္မႈပန္းတိုင္ကို ေရာက္ရွိႏိုင္မယ့္အေၾကာင္း အႀကံျပဳထားပါတယ္။ အဆိုပါေတာင္းဆိုခ်က္ေတြကို အာဆီယံအေထြေထြအတြင္းေရးမႉးခ်ဳပ္နဲ႔ သက္ဆိုင္ရာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွတဆင့္ သက္ဆိုင္ရာ သမၼတမ်ား ဝန္ႀကီးခ်ဳပ္မ်ားထံ ေပးပို႔မွာျဖစ္ၿပီး လာမယ့္ ႏိုဝင္ဘာလထဲ ထိုင္းႏိုင္ငံမွာ က်င္းပဖို႔ရွိတဲ့ အာဆီယံထိပ္သီးစည္းေဝးပြဲႀကီးမွာလည္း လူထုအေျချပဳ အဖြဲ႕အစည္းကိုယ္စား လွယ္ ၁၁ ဦးနဲ႔ အစိုးရတာဝန္ရွိ ကိုယ္စားလွယ္ ၁၁ ဦးတို႔ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံေဆြးေႏြးႏိုင္ဖို႔ ကမ္းလွမ္းထားေၾကာင္း ဦးေအာင္မ်ိဳးမင္းက ေျပာသြားပါတယ္။ ဒီလို အာဆီယံလူထုညီလာခံႀကီးကို ႏွစ္စဥ္က်င္းပၿပီး သက္ဆိုင္ရာအစိုးရေတြဆီ အႀကံ ျပဳေတာင္းဆိုခ်က္ေတြ ေပးပို႔ခဲ့ရာမွာ ေလးစားလိုက္နာတဲ့ ႏိုင္ငံေတြရွိသလို မလိုက္နာတဲ့ ႏိုင္ငံေတြလည္းရွိတာေၾကာင့္ ယခင္ကေတာင္းဆိုခဲ့ဘူးတာေတြလည္း တဖန္ျပန္ၿပီးေတာင္းဆို ေနရဆဲဘဲလို႔ ဆိုပါတယ္ ။ ဒီတႏွစ္ညီလာခံမွာ အာဆီယံအဖြဲ႕ဝင္ ၁၀ ႏိုင္ငံက လူထုအေျချပဳအဖြဲ႕အစည္း ကိုယ္စားလွယ္ေတြ စုစုေပါင္း ၁၀၀၀ ေလာက္ တက္ေရာက္လာၿပီး ျမန္မာႏိုင္ငံအေနနဲ႔လည္း လူထုအေျချပဳအဖြဲ႕အစည္းေပါင္း ၂၀ ေက်ာ္က ကိုယ္စားလွယ္ ၆၀ ေက်ာ္ တက္ေရာ က္ေဆြးေႏြးခဲ့ပါတယ္ ။
2 years Ago
Up