အာဆီယံဒေသ

May 6, 2021

ထိုင်းက စင်ကာပူကို ကျော်လွန်ပြီး အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကူးစက်မှုအမြင့်ဆုံး အဆင့် ၅ ဖြစ်လာ

လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံဟာ ဒေသတွင်း စင်ကာပူနိုင်ငံကို ကျော်လွန်ကာ အာဆီယံနိုင်ငံတွေထဲ ကိုဗစ်-၁၉ ကူးစက်မှု အမြင့်ဆုံး အဆင့် ၅ ဖြစ်လာခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေထဲ ကိုဗစ်-၁၉ သန်းချီကူးစက်မှု အမြင့်ဆုံးနိုင်ငံအဖြစ် အင်ဒိုနီးရှားနိုင်ငံက ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူဦးရေ ၁ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၄၆၀၀၀ ကျော်၊ သူ့နောက်မှာတော့ ဖိလစ်ပိုင်နိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၁ သန်းကျော်နဲ့ သေဆုံးသူ ၁၇၀၀၀ ကျော်နဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီနောက်မှာတော့ မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၄ သိန်း ၂ သောင်းကျော်နဲ့ သေဆုံးသူ ၁၆၀၀ နီးပါး၊ မြန်မာနိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၁ သိန်း ၄ သောင်းကျော်နဲ့ သေဆုံးသူ ၃၂၀၀ ကျော်စီ ရှိနေတာပါ။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု တတိယလှိုင်းနဲ့ ကြုံတွေ့နေရတဲ့ ထိုင်းနိုင်ငံကတော့ ရောဂါကူးစက်ခံရသူဦးရေ ၇ သောင်း ၆ ထောင်ကျော်နဲ့ သေဆုံးသူ ၃၃၆ ယောက်ရှိနေပြီး ရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံကို ကျော်တက်သွားခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူဦးရေ ၆ သောင်း ၁ ထောင်ကျော်နဲ့ သေဆုံးသူ ၃၁ ယောက်ရှိနေတာပါ။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၇၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၁၄ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃ ထောင် ကျော်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၂၈ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံရသူ ၁၀၇၂ ယောက် ရှိနေပေမယ့် သေဆုံး လူနာ ခုချိန်ထိ မရှိသေးပါဘူး။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ ၁၅၅ ဒသမ ၈ သန်းကျော်၊ သေ ဆုံးသူ ၃၂ သိန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ ၁၃၃ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၃ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၅ သိန်း ၉ သောင်းကျော် ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၂၁ သန်းကျော်၊ သေဆုံးသူ ၂ သိန်း ၃ သောင်းကျော်နဲ့ ရှိနေ တာ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၉ သောင်းကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အ မှတ်စဉ် ၉၆ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

2 weeks Ago

September 27, 2020

မြန်မာက အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု တတိယအများဆုံး နိုင်ငံဖြစ်လာ

တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု တတိယအများဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၀,၃၀၈ ယောက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၇၁,၃၃၉ ယောက် ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၅,၂၈၄ ယောက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၀၁,၂၅၆ ယောက် ရှိနေခဲ့တာ ဖြစ်ပါ တယ်။ ကိုဗစ်-၁၉ ကြောင့် တတိယမြောက်သေဆုံးမှုအများဆုံး နိုင်ငံဖြစ်လာတဲ့ မြန်မာနိုင်ငံမှာတော့  ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ စက်တင်ဘာ ၂၆ ရက် ည ၈ နာရီအထိ သေဆုံးသူ ၁၉၈ ယောက်နဲ့ ရောဂါကူးစက်ခံရသူအရေအတွက် ၉,၁၁၁ ယောက် ရှိပြီလို့ သိရပါတယ်။ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၃၃ ယောက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၀,၇၆၉ ယောက် ရှိပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက် ၃,၅၂၂ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၅ ယောက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၀၆၉ ယောက် ရှိနေတာပါ။ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၇,၆၈၅ ယောက်နဲ့ ကူးစက်မှုမြင့်တက်နေပေမယ့် သေဆုံးသူအရေအတွက်ကတော့ တိုးမလာပဲ ၂၇ ယောက်မှာတင် ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဘရူနိုင်းနိုင်ငံက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၉ ယောက်နဲ့ ရောဂါကူးစက်ခံရသူအရေအတွက် ၁၄၆ ယောက် ရှိနေခဲ့တာပါ။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၇၅ ယောက်နဲ့ ၂၃ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါတခုအသွင် လျင်လျင်မြန်မြန်ပဲ ကူးစက်ပျံ့နှံ့နေခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူး စက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၃၂ ဒဿမ ၈ သန်းကျော်ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၉၉၄,၂၅၃ ယောက် ရှိပြီလို့  Worldometers ဝက်ဆိုက်မှာ ဖော်ပြပါတယ်။ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၇ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၂၀၈,၄၄၇ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၅ ဒသမ ၉ သန်းကျော်နဲ့ သေဆုံးသူ ၉၃,၄၄၀ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၄ ဒဿမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၁၄၀,၇၀၉ ယောက်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှု စတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၃၃၇ ယောက်နဲ့ သေဆုံးသူ ၄,၆၃၄ ယောက် ရှိနေပြီး အဆင့် ၄၄ အထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
8 months Ago
Up