အာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်း တောင်တရုတ်ပင်လယ်ကိစ္စ အဓိကဆွေးနွေးနိုင်

June 21, 2019

အာဆီယံ ထိပ်သီးခေါင်းဆောင်များကို ထိုင်းက ငွေအစစ်ပန်းကုံးများ လက်ဆောင်ပေးမည်

လက်ရှိကျင်းပနေတဲ့ ၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ အာဆီယံနိုင်ငံ အသီးသီးက ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ဇနီးတွေကို ပေးအပ်မယ့် လက်ဆောင်တွေထဲမှာ ငွေနဲ့ အထူးပြုလုပ်ထားတဲ့ ပန်းကုံးတမျိုးလည်း ပါဝင်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ ဒီထိပ်သီးအစည်းအဝေးကိုတော့ ၂၀၁၉ ခုနှစ်ရဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇွန် ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အာဆီယံဒေသတွင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အိမ်ရှင် ထိုင်းနိုင်ငံက လက်ဆောင်အဖြစ် ပေးအပ်မယ့် ဒီငွေပန်းကုံးကိုတော့ ထိုင်းနိုင်ငံ အနုပညာနဲ့ လက်မှုပစ္စည်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာစင်တာ (အက်စ်အေစီအိုင်စီတီ) မှ အသိအမှတ်ပြုခံထားရတဲ့ ဒီဇိုင်နာအမျိုးသမီး နာရူမွန်သွန်ချိုင်က ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပြီး သူဟာ ၂၀၁၄ ခုနှစ်ရဲ့ သတ္တုဆိုင်ရာကဏ္ဍရဲ့ အထူးချွန်ဆုံး ဆရာအဖြစ်လည်း ရွေးချယ်ခံထားခဲ့ရသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို လက်မှုအနုပညာလက်ရာနဲ့ ပန်းကုံးတွေကို ထိုင်းနိုင်ငံမှာတော့ ဘုန်းတော်ကြီးတွေကို ဆက်ကပ်လှူဒါန်းတာ၊ နိုင်ငံတော်အဆင့် အထူးဧည့်သည်တော်တွေကိုသာ အထူးပြင်ဆင် ပေးအပ်လေ့ရှိတာ ဖြစ်တယ်လို့ အက်စ်အေစီအိုင်စီတီမှ ဒါရိုက်တာ အမ်ဖဝမ်ဖီချလိုင်က ပြောပါတယ်။ ငွေပန်းပွင့်တွေကို ပန်းကုံးမှာ စီခြယ် ဒီဇိုင်းထုတ်ထားတာက အာဆီယံနိုင်ငံတွေရဲ့ ညီညွတ်မှုကို ရည်ညွှန်းတာဖြစ်ပြီး ပန်းပွင့်တွေအားလုံးဟာ ငွေသားအစစ်တွေဖြစ်ကာ မိုလောင်း ပုံဖော်ထားခဲ့တာပါ။ ဒီအစည်းအဝေးကိုတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေပြီး အာဆီယံဒေသတွင်း ခေါင်းဆောင်တွေထဲက မလေးရှားဝန်ကြီးချုပ် မဟာသီယာ၊ ဖိလစ်ပိုင်သမ္မတ ဒူတာတေးနဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့လည်း တက်ရောက်နေကြပါတယ်။
2 years Ago

April 27, 2017

အာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်း တောင်တရုတ်ပင်လယ်ကိစ္စ အဓိကဆွေးနွေးနိုင်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ဒီသီတင်းပတ်ကုန် စတင်မယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်း တောင်တရုတ်ပင်လယ် တင်းမာမှုအကြောင်းက အဓိက ဆွေးနွေးရမယ့်အချက် ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ အာဆီယံထိပ်သီးဆွေးနွေးပွဲကို လာမယ့် ဧပြီ ၂၈ ရက်နေ့ စတင်ကျင်းပမှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ အရင်ဆုံး တွေ့ဆုံညှိနှိုင်းမှာ ဖြစ်ပါတယ်။ အဲဒီနောက် နိုင်ငံအသီးသီးက အမြင့်ဆုံးခေါင်းဆောင်တွေ ဧပြီ ၂၉ ရက်နေ့မှာ တွေ့ဆုံပြီး ဒေသတွင်းလုံခြုံရေးကိစ္စ၊ မြောက်ကိုရီးယား နျူကလီးယားပြဿနာနဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့နဲ့ တရုတ်ပြည်မကြီးအကြား တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်အငြင်းပွားနေတဲ့ ကိစ္စကလည်း အဓိကအကြောင်းအရာတခု ဖြစ်လာနိုင်ပါတယ်။ ရေပိုင်နက်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံက ညှိနှိုင်းရေးမှူးတွေဟာ တရုတ်ပြည်မကြီးက ညှိနှိုင်းရေးမှူးတွေနဲ့ လွန်ခဲ့တဲ့ လအနည်းငယ်က တွေ့ဆုံပြီး အပြီးသတ်ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် အကြိုညှိနှိုင်းခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဆုံးဖြတ်ချက်ကို လာမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အတည်ပြုချက် လိုအပ်ပါတယ်။ ဒီအတွက် အဲ့ဒီိကိစ္စဟာလည်း အဓိကအကြောင်းအရာ ဖြစ်လာနိုင်ပါတယ်။ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ကတော့ အာဆီယံထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်ကတည်းက လုံခြုံရေးအခြေအနေကို တင်းတင်းကျပ်ကျပ် ပြင်ဆင်ထားပါတယ်။ “ကျနော်တို့တပ်ဖွဲ့တွေကို စစ်ဆင်ရေးအုပ်စုတွေ အမျိုးမျိုးခွဲပြီး တတ်နိုင်သမျ ပြင်ဆင်ထားပါတယ်။ သိတဲ့အတိုင်း တခုခုဖြစ်လို့ တဖွဲ့ဖွဲ့က အလျင်အမြန် တုံ့ပြန်လိုက်ရင် ပြဿနာ ချက်ချင်းတက်နိုင်ပါတယ်။ ဒီ့အတွက် ကြိုပြင်ထားပါတယ်” လို့ ကမ်းခြေစောင့်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသွားပါတယ်။
4 years Ago
Up