မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဘောလုံးပွဲစဉ်မှာ မြန်မာ့တက္ကသိုလ်ဘောလုံးအသင်းက ထိုင်းတက္ကသိုလ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။
မြန်မာအသင်းဟာ အုပ်စုတွင်းမှာ လာအိုနဲ့ တဂိုးစီသရေ၊ စင်ကာပူကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်၊ မလေးရှားနဲ့ ဂိုးမရှိသရေကျပြီး အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ရာမှာတော့ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲမှာ အိမ်ရှင် မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ လာအိုတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး အုပ်စု ပတ်လည်ယှဉ်ပြိုင်ပြီး ထိပ်ဆုံးနှစ်သင်း ဗိုလ်လုပွဲကစား၊ အဆင့် ၃ နဲ့ ၄ က တတိယလုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အုပ်စုပတ်လည် ယှဉ်ပြိုင်ပြီးချိန်မှာတော့ ထိုင်းအသင်းက ၉ မှတ်နဲ့ အုပ်စုပထမ၊ မြန်မာက ၈ မှတ်နဲ့ အုပ်စု ဒုတိယရပြီး လာမယ့် ဒီဇင်ဘာ ၁၈ ရက်မှာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မြန်မာနဲ့ ထိုင်းအသင်းတို့ပဲ ရွှေတံဆိပ်ဆု လုရမှာ ဖြစ်ပါတယ်။ အဆင့် ၃ နဲ့ ၄ ရတဲ့ လာအိုနဲ့ မလေးရှားတို့က တတိယနေရာ လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
2 years Ago