ပရိသတ်များကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ ဇာခါကို အသင်းခေါင်းဆောင် ရာထူးပြန်ပေးသင့်၊ မပေးသင့် အတည်မပြုနိုင်သေးဘူးလို့ အူနိုင်းအန်မရီက ပြောကြားလိုက်ပါတယ်။
ဇာခါဟာ ခရစ္စတယ်ပဲလေစ့်အသင်းနဲ့ တဖက် နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းမှာ လူစားလဲခံရတာအပြင် ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်မှုတွေခံခဲ့ရလို့ ဒေါသတကြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ အပြုအမူကြောင့် မကျေမနပ်ဖြစ်နေခဲ့တဲ့ ပရိသတ်တွေက ကွင်းထဲမှာအပြင် ဇာခါရဲ့ ဇနီးသည် ဖုန်းကိုပါ စာတိုတွေပို့ပြီး တိုက်ခိုက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဇာခါဟာ လတ်တလောမှာတော့ ပရိသတ်တွေရဲ့ တောက်လျှောက်ဆိုသလို ပြောဆို တိုက်ခိုက်မှုတွေ ခံထားရတာကြောင့် အကောင်းဆုံး ပြန်လည်ကစားနိုင်ဖို့ စိတ်ဓာတ်ပြန်လည်မြှင့်တင်နေရတယ်လို့ အူနိုင်းအန်မရီက ပြောကြားသွားပါတယ်။
1 year Ago