အာဆင်နယ်ပရိသတ်

October 9, 2020

အာဆင်နယ်ပရိသတ်များကို ကျေးဇူးတင်ကြောင်း ကစားသမားသစ် သောမက်စ်ပါတေးပြော

အာဆင်နယ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ရှိကြောင်း ကွင်းလယ်ကစားသမားသစ် သောမက်စ်ပါတေးက ပြောပါတယ်။  အက်သလက်တီကို ကွင်းလယ်လူ သောမက်စ်ပါတေးကို အာဆင်နယ်က စာချုပ် ဖျက်သိမ်းကြေးပေါင် ၄၅ သန်းပေးချေပြီး ခေါ်ယူခဲ့တာပါ။  ပါတေးဟာ လက်ရှိအချိန်မှာ ဂါနာလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းလေ့ကျင့်နေတာကြောင့် အာဆင်နယ်အသင်းဆီတော့ ရောက်ရှိလာခြင်း မရှိသေးတာဖြစ်ပါတယ်။  အာဆင်နယ်ပရိသတ်တွေကတော့ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ပါတေးကို ကြိုဆို ကြောင်း စာတွေပေးပို့ခဲ့ပြီး ပါတေးကလည်း အားပေးချစ်ခင်မှုတွေအတွက် ကျေးဇူးတင်ကြောင်း အသင်းရဲ့ တွစ်တာစာမျက်နှာကနေ တဆင့်ပြန်လည်ပြောခဲ့တာပါ။  မိသားစုဝင်တဦးလို ခံစားရတာက ခမ်းနားတဲ့ ခံစားမှုဖြစ်ပြီး အံ့အားသင့်စရာ ကြိုဆိုမှုတွေနဲ့ ချစ်ခင်အားပေးမှုတွေအတွက် ပျော်ရွှင်ရကြောင်းနဲ့ အားလုံးနဲ့အတူ တွေ့ဆုံရဖို့ မစောင့်နိုင်တော့ ကြောင်း ပါတေးက ပြောခဲ့ပါတယ်။  အသက် ၂၇ နှစ်ရှိ ပါတေးဟာ အက်သလက်တီကိုအတွက် စုစုပေါင်း ၁၈၈ ပွဲ ကစား ပေးခဲ့ပါတယ်။ 
7 months Ago
Up