အာဆင်နယ်နည်းပြ

October 24, 2022

အခွင့်အရေး အသုံးမချနိုင်ပါက ပေးဆပ်ရမြဲဟု အာဆင်နယ်နည်းပြပြော

ပရီးမီးယားလိဂ်မှာ အခွင့်အရေးတွေကို အသုံးမချနိုင်တဲ့အသင်းက ပေးဆပ်ရစမြဲဖြစ်တယ်လို့ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာက ပြောပါတယ်။ 

မနေ့ညတုန်းက ဆောက်သမ်တန်အသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တဲ့ အသင်းတိုက်စစ်ကို နည်းပြအာတီတာက ရည်ညွှန်း ပြောခဲ့တာပါ။ 

အာဆင်နယ်ဟာ ပထမပိုင်းမှာကတည်းက ချာကာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေ အများအပြားရခဲ့ပေမယ့် တိုက်စစ်မှူး ဂါဘရီယယ်ဂျေဆုက အသုံးမချနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမဲ့  အသုံးမချနိုင်ခဲ့ဘူး။ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေချိန်မှာ ရလာတဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ရင် ပေးဆပ် ရမှာပါပဲ။ ပထမပိုင်းမှာ လုံးဝထိန်းချုပ်နိုင်ခဲ့သလောက် ဒုတိယပိုင်းမှာတော့ ဘောလုံးပေးပို့မှုတွေ လွဲချော်ပြီး ကိုယ့်ကိုယ်ကိုယ် ပြဿနာတွေ ရှာမိတော့တာပဲ”လို့ နည်းပြအာတီတာက ပြောပါတယ်။

အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်ဟာ ဆောက်သမ်တန်ကို သရေရလဒ်သာ ကစားနိုင်ခဲ့လို့ ဒုတိယနေရာကမန်စီးတီးနဲ့ ရမှတ်နှစ်မှတ်သာကွာဟတော့တာ ဖြစ်ပါတယ်။

2 months Ago

October 2, 2022

စပါးအသင်းကိုအနိုင်ရခဲ့သည့်အတွက် ကစားသမားများယုံကြည်မှုရစေဟု အာဆင်နယ်နည်းပြပြော

မြောက်လန်ဒန်ဒါဘီမှာ စပါးအသင်းကို အနိုင်ရခဲ့တာက အာဆင်နယ်ဟာ ထိပ်တန်းအဆင့်မှာ ကစားနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရစေတယ်လို့ အာဆင်နယ် နည်းပြအာတီတာက ပြောပါတယ်။ 

အာဆင်နယ်ဟာ မနေ့ညက ကစားခဲ့တဲ့ စပါးနဲ့ပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါဘီနိုင်ပွဲဟာ ကစားသမားတွေကို ယုံကြည်မှုရှိစေတာမှန်ပေမယ့် တိုးတက်ဖို့လိုအပ်နေတဲ့ အရာတွေလည်းရှိသေးတယ်လို့  နည်းပြအာတီတာက ပွဲအပြီးမှာ ပြောပါတယ်။

“ဒီနိုင်ပွဲက ဒီအသင်းကလူတွေဟာ ထိပ်တန်းအဆင့်ခြေစွမ်းနဲ့ ဒီလိုပြိုင်ဘက်ကောင်းကို အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရရှိစေတယ်။ ဒီအသင်းကို အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ မြင်နေရတာကခမ်းနားလှတယ်။ ဒါပေမဲ့ ကျနော်တို့ အာရုံစိုက်ဖို့လိုပါသေးတယ်။ အခုချိန်အထိ ကျနော်တို့ ဘာမှစွမ်းဆောင်နိုင်သေးတာမဟုတ်ပါဘူး။ တိုးတက်ဖို့လိုအပ်နေတဲ့ အစိတ်အပိုင်းတွေလည်း ရှိနေဆဲဖြစ်တယ်” လို့ အာတီတာက ပြောပါတယ်။ 

ဆက်လက်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်စွမ်းရှိပြီလားဆိုတဲ့ မေးခွန်းအပေါ်မှာ တော့ နည်းပြအာတီတာက ငြင်းဆန်သွားပါတယ်။ 

2 months Ago
More News
Up