အာဆင်နယ်ကွင်းလယ်လူ

A d v e r t i s e m e n t With Us

December 28, 2019

ဂျာမန်ကလပ်အသင်းကို ပြောင်းရန် အာဆင်နယ်ကွင်းလယ်လူ သဘောတူ

အာဆင်နယ်ကွင်းလယ်လူ ဂရာန ချာကာဟာ ဂျာမန်ကလပ် ဟာသာဘာလင် အသင်းဆီကို ပြောင်းရွှေ့ဖို့ သဘောတူညီမူရခဲ့ပြီလို့ သိရပါတယ်။ ချာကာဟာ အာဆင်နယ်အသင်းပရိသတ်တွေနဲ့ ပြဿနာဖြစ်ခဲ့ပြီးနောက် အသင်းခေါင်း ဆောင်ရာထူးကနေလည်း ဖယ်ရှားခံခဲ့ရတာပါ။ ဟာသာဘာလင်အသင်းဟာ ချာကာရဲ့အေးဂျင့်ဖြစ်သူနဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးအရ သဘောတူညီပြီဖြစ်လို့ လာမယ့်တပတ်အတွင်းမှာ အပြီးသတ် လုပ်ဆောင်ဖို့ ရှိနေ တယ်လို့ သိရပါတယ်။ ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာဟာ ၂၀၁၆ ခုနှစ်က ဂျာမန်ကလပ် မိုချန်ဂလာဘက် အသင်းကနေ ပေါင် ၃၅ သန်းနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။  အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်သေးပေမယ့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
1 year Ago
Up