အာဆင်ဝင်းဂါးပြော

A d v e r t i s e m e n t With Us

October 1, 2016

အင်္ဂလန်နည်းပြရာထူးအတွက် စဉ်းစားမည်ဟု အာဆင်ဝင်းဂါးပြော

အာဆင်နယ်နဲ့ စာချုပ်ကုန်ဆုံးတဲ့အချိန်မှာ အင်္ဂလန်နည်းပြရာထူးအတွက် စဉ်းစားမယ်လို့ နည်းပြအာစင်ဝင်းဂါးက ပြောပါတယ်။ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်ဟာ နည်းပြဆမ်အလာဒိုက်စ်နဲ့ လမ်းခွဲအပြီးမှာ ယူ ၂၁ အသင်း နည်းပြဆောက် ဂိတ်ကိုယာယီနည်းပြအဖြစ်ခန့်အပ်ထားပြီး အင်္ဂလန်နည်းပြလျာထား စာရင်းမှာ အာဆင်ဝင်းဂါးလည်း ပါဝင်နေတာပါ။ အာဆင်ဝင်းဂါးဟာ ဒီနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အင်္ဂလန်နည်းပြရာထူးကို စိတ်ဝင်စားတယ်လို့ ပြောကြားသွားတာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းကိုပဲ အာရုံစိုက်ထားတယ်လို့ အာဆင်ဝင်းဂါး ကဆိုပါတယ်။ အာဆင်ဝင်းဂါးဟာ ၁၉၉၆ ခုနှစ်ကတည်းက အာဆင်နယ်အသင်းကို တာဝန်ယူကိုင်တွယ်လာတာဖြစ်ပြီး လာမယ့်အောက်တိုဘာ ၁ရက်နေ့မှာ နှစ်၂၀ပြည့်တော့ မှာဖြစ်ပါတယ်။
4 years Ago
Up