အာဆင်နယ် ၃ - ၁ ဘုန်းမောက်၊ ဆောက်သမ်တန် ၁ - ၀ အဲဗာတန်

A d v e r t i s e m e n t With Us

November 28, 2016

အာဆင်နယ် ၃ - ၁ ဘုန်းမောက်၊ ဆောက်သမ်တန် ၁ - ၀ အဲဗာတန် (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၂၇ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အာဆင်နယ်နဲ့ ဆောက်သမ်တန်တို့ အနိုင်ရသွားပါတယ်။ အာဆင်နယ်က အိမ်ကွင်းမှာ ဘုန်းမောက်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အနိုင်ဂိုးတွေကို ဆန်းချက်က ၂ ဂိုးနဲ့ ဝေါလ်ကော့က ၁ ဂိုး သွင်းယူပါတယ်။ ဒီပွဲနိုင်လို့ အာဆင်နယ်ရဲ့ ၃ ပွဲဆက်တိုက် သရေကျတာကို အဆုံးသတ်နိုင်လိုက်ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ကို သတ်မှတ်ခဲ့ပါတယ်။ နိုင်ပွဲရတဲ့ အာဆင်နယ်ဟာ ၂၈ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဆောက်သမ်တန်နဲ့ အဲဗာတန်တို့ရဲ့ ပွဲမှာတော့ ပွဲအစ ၁ မိနစ်မှာပဲ ဆောက်သမ်တန်တိုက်စစ်မှူး အော်စတင်သွင်းယူတဲ့ဂိုးနဲ့ အဲဗာတန်ကို အနိုင်ရသွားပါတယ်။ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ်လည်း အော်စတင်ပဲ သတ်မှတ်ခြင်းခံရပါတယ်။ နိုင်ပွဲရတဲ့ ဆောက်သမ်တန်က ၁၇ မှတ်နဲ့ အဆင့် ၁၀ မှာ ရှိနေပြီး အဲဗာတန်ကတော့ ၁၉ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up