အာဆင်နယ် နည်းပြရာထူးအတွက်

April 22, 2018

အာဆင်နယ် နည်းပြရာထူးအတွက် ဘာစီလိုနာနည်းပြဟောင်းနှင့် ဆွေးနွေးနေ

အာဆင်နယ် နည်းပြရာထူးအတွက် ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အင်းနရစ်ကို ခန့်အပ်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ၂၂ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ လက်ရှိနည်းပြ အာစင်ဝင်းဂါးက အခုနှစ်ဘောလုံးရာသီအပြီးမှာ လမ်းခွဲတော့မှာ ဖြစ်တာကြောင့် အာဆင်နယ်အသင်းက နည်းပြသစ်ရှာဖွေနေတာပါ။ နည်းပြသစ်လျာထားစာရင်းမှာ နည်းပြ ၆ ဦး၊ ၇ ဦးလောက် ရှိနေပေမယ့် ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အင်းနရစ်နဲ့ အရင်ဆုံး ဆွေးနွေးမူတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၄၇ နှစ်ရှိ စပိန်နည်းပြ အင်းနရစ်ဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာနည်းပြရာထူးကနေ နုတ်ထွက်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတာပါ။ လက်ရှိ အာဆင်နယ်အသင်းရဲ့ ဒါရိုက်တာသစ် ရာအူးလ်ဆန်လီဟီဟာ နည်းပြ အင်းနရစ်နဲ့ ဘာစီလိုနာအသင်းမှာလည်း လက်တွဲဖူးတာကြောင့် အသင်းနည်းပြရာထူးအတွက် ဆွေးနွေးရာမှာပိုပြီး အဆင်ပြေဖွယ်ရှိနေပါတယ်။ လူးဝစ်အင်းနရစ်ဟာ ဘာစီလိုနာအသင်းအပြင် ရိုးမားနဲ့ဆယ်တာဗီဂိုအသင်းတွေကိုလည်း ကိုင်တွယ်ဖူးပါတယ်။ အင်းနရစ်ဟာ ဘာစီလိုနာ အသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ်ဖလားနဲ့ လာလီဂါဖလားတွေအပါအ၀င် စုစုပေါင်းဖလား ၈ လုံး ရယူပေးခဲ့ပါတယ်။
3 years Ago
Up