အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးဟာ ကွင်းလယ်ကစားသမား အယ်လ်နန်နီကို ဗဟိုခံစစ်မှူးနေရာမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။
အီဂျစ်လက်ရွေးစင် အယ်လ်နန်နီအနေနဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာလည်း ဗဟိုခံစစ်နေရာမှာ ပွဲထွက်ကစားနေရတာပါ။
အာဆင်နယ်နောက်တန်းမှာ ကွန်ဖက်ဒရေးရှင်းဖလား ကစားခဲ့တဲ့ မူစတာဖီကို နားရက်ပေးထားပြီး ဂါဘရီယယ်ကလည်း ဒဏ်ရာရနေတာကြောင့် ကွင်းလယ်ကစားသမား အယ်လ်နန်နီကို ခံစစ်မှူးနေရာမှာ အသုံးပြုခဲ့တာပါ။
အယ်လ်နန်နီဟာ စိတ်ဓာတ်ပိုင်းနဲ့ အာရုံစူးစိုက်မှုကောင်းတဲ့ ကစားသမားဖြစ်ပြီး နောက်ခံလူနေရာမှာလည်း အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။
အယ်လ်နန်နီအနေနဲ့ ကွင်းလယ်ခံစစ်ကစားသမားကနေ နောက်ခံလူကောင်းတဦး ဖြစ်လာနိုင်တယ်လို့လည်း အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။
အသက် ၂၅ နှစ်ရှိ အယ်လ်နန်နီဟာ ၂၀၁၅ ခုနှစ်က ဘေဆယ်အသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အတွက် ၂၂ ပွဲ ကစားခွင့်ရခဲ့ပါတယ်။
6 years Ago