အာဆင်နယ်နှင့်ပွဲစဉ်အတွက်

December 2, 2017

အာဆင်နယ်နှင့်ပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်ထားကြောင်း မော်ရင်ဟို ပြော

ဒီကနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်အတွက် အကောင်းဆုံး ပြင်ဆင်ထားပြီးတော့ ဘောလုံးရရှိတာနဲ့ အသင်းသား ၁၁ လုံးဟာ တဖက်အသင်းကို ဖိအားပေးတိုက်စစ်ဆင်သွားမယ်လို့ နည်းပြမော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ ဂိုးသမားကိုယ်တိုင် မန်ချက်စတာ ယူနိုက်တက်အသင်း ဘောလုံးရရှိသွားတာနဲ့ ဘယ်လိုကြိုးစားပြင်ဆင်ရမယ်ဆိုတာ သိထားသင့်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ နှစ်သင်းစလုံး ခြေစွမ်းတက်နေချိန်ဖြစ်လို့ ဘယ်အသင်းပိုကောင်းလဲဆိုတာ သက်သေပြရမယ့် ပွဲဖြစ်တယ်လို့ ဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းမှာ အခုပွဲစဉ်အတွက် အားထားရတဲ့ နောက်ခံလူ ဘိုင်လီ၊ ဖီးလ်ဂျုံးစ်၊ ကွင်းလယ်ကစားသမား ဖယ်လိုင်နီတို့ ပါဝင်နိုင်မှာမဟုတ်သလို မာတစ်ဟာလည်း ကြွက်သားဒဏ်ရာကြောင့်ပါ ဝင်ဖို့မသေချာပါဘူး။ အာဆင်နယ်အသင်းကတော့ အဓိကလူစာရင်းနဲ့ ပွဲထွက်လာဖို့ ရှိနေပေမယ့် တိုက်စစ်ကစားသမားအဖြစ် ၀ဲလ်ဘတ်ကို ပွဲထွက်ကစားစေဖို့ ရှိနေပါတယ်။ ဒါ့အပြင် အာဆင်နယ်အိမ်ကွင်း အန်းမရိတ်စ်မှာ ၂၀၁၄ ခုနှစ်နောက်ပိုင်း အနိုင်မရခဲ့သလို မနှစ်ကလည်း အန်းမရိတ်စ်မှာ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု ၂၂၅ ကြိမ်မှာ မန်ချက်စတာယူနိုက်တက် အသင်းက ၉၆ ပွဲနိုင် ၈၂ ပွဲရှုံးနိမ့်ပြီး ၄၇ ပွဲသရေကျထားပါတယ်။ အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်တန်ကြေးဟာ ပေါင် ၁ ဘီလျံတန်ကြေးရှိတယ်လို့ သိရသလို ဒါဟာပရီးမီးယားလိဂ်ရဲ့ ပထမဆုံးအကြိမ် တန်ဖိုးအမြင့်ဆုံး ပွဲစဉ်ဖြစ်ခဲ့ပါတယ်။
3 years Ago
Up